Monday, November 11, 2013

ဆီမီး ၁၀၀၀ ပန်း ၁၀၀၀ အယ်လ်အေ တန်ဆောင်တိုင်


(၅) ကြိမ်မြောက် ဆီမီး ၁၀၀၀ ပန်း ၁၀၀၀ တန်ဆောင်တိုင်ပွဲတော်ကို Los Angeles၊ လပွန်းတီမြို့ ရှိ ဗုဒ္ဓဘာသာမြန်မာဘုန်းကြီးကျောင်းတွင်၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ ၉ရက်၊ စနေနေ့ ညနေ ၅ နာရီမှ ၉နာရီအထိ ကျင်းပခဲ့ရာ အယ်လ်အေမြို့ နှင့်အနီးတ၀ှိုက်မှ လူပေါင်း ၁၀၀၀ ခန့် ပွဲတော်ကို  တက်ရောက် ဆင်နွဲခဲ့ကြသည်။ 



ဘုန်းတော်ကြီးများက နမောတဿ သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကိုစတင်ဖွင့်လှစ်ပြီး ငါးပါးသီလဆောက်တည်သည်။ တန်ဆောင်တိုင်မီးထွန်းပွဲနှင့်စပ်ဆိုင်သည့် တရားတော် ကို ကျောင်းထိုင်ဆရာတော် ဦးသုန္ဒရမှ ဟောကြားတော်မူသည်။ ထို့ နောက် ဆရာတော် ဦးကာရုဏိကမြတ်စွာဘုရားအား ဆီမီးနှင့်ပန်းဆက်ကပ်ပူဇော်လှူဒန်းချင်းတရားကို
ဟောကြားပေးပါသည်။ ထို့ နောက်ဆရာတော် သံဃာတော်များက မေတ္တာသုတ်တရားတော်ကို ရွတ်ဖတ်ပူဇော်ကြပါသည်။


ဆရာတော်များအား န၀ကမ္မ တို့ ဖြင့် ဆက်ကပ်လှူဒန်းပါသည်။
 

မန္တလေးဂေဇတ်သတင်းစာမှ မနီလာစိန်က ကျေးဇူးတင်စကား ပြောကြားပေးပြီးနောက် ဆရာတော် ဦးသီလစာရက ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှု အစုစုအတွက် အမျှပေးဝေခဲ့ပါသည်။ ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနား ကို ရုပ်သိမ်းခဲ့သည်။ ထို့ နောက် ကျောင်းဝင်း တပတ် ဆီမီး လှည့်လည် ပူဇော်ခဲ့ပြီး ပွဲတော်သို့  တက်ရောက်လာသူများအား မုန့် ဟင်းခါး၊ ဘူးသီးကြော်၊ ကြာဇံကြော်၊ ဆီထမင်း၊ မုန့် လက်ကောက်၊ လက်ဖက်ရည်တို့ ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။

 

ဆီမီး ၁၀၀၀ ပန်း ၁၀၀၀ တန်ဆောင်တိုင်ပွဲတော်ကို ဗုဒ္ဓဘာသာမြန်မာဘုန်းကြီးကျောင်း၊ L.A. Organizers for Burma မိသားစုနှင့် မန္တလေးဂေဇတ်သတင်းစာတို့ ကဦးဆောင် စီစဉ်ခြင်းဖြစ်ပြီး  စေတနာထက် သန်သူ မြန်မာမိသားစုများမှ ပံ့ပိုးခြင်းဖြင့် နှစ်စဉ်မပြတ်ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ပွဲတော်တွင် အမိ
မြန်မာပြည်ကို အစဉ်သတိရသည့်အနေဖြင့် မြန်မာပြည်မြေပုံနှင့်ချိုးငှက်၊ ငြိမ်းချမ်းပါစေ အမိမြေ စာတန်း တို့ ဖြင့် ထွန်းညှိဆုတောင်းခဲ့သည်။ 


 ပွဲတော်သို့ တက်ရောက်ဆင်နွဲသူများ ခန့် မှန်းထားသည်ထက်များပြားခြင်း၊ မအားလပ်သည့်ကြားထဲက စီစဉ်ဆောင်ရွက်ကြရခြင်းတို့ ကြောင့် အစားအသောက်မနိုင်နင်းမှု၊ မီးထွန်းမှုမပြည့်စုံမှု၊ အသံချဲ့ စက် အားနည်းမှု၊ စသည့်အခက်အခဲတချို့ ကြုံတွေ့ ရပါသည်။ လုပ်အားကုသိုလ်ယူကြသောသူများ၊ အထူး သဖြင့်အကျွေးအမွေးတာဝန်ယူကြသူများအားလုံး ပင်ပန်းကြသော်လည်း ပွဲတော်မှာ စည်ကားသည့် အတွက် ပျော်ရွှင်ပြီး ပင်ပန်းရကျိုးနပ်ကြောင်း သိရပါသည်။ ဆီမီး ၁၀၀၀ ပန်း ၁၀၀၀ တန်ဆောင်တိုင် ပွဲတော်ကို နောက်နှစ်တွင် ဒီထက်ပိုမိုပီပြင် အောင်မြင်စွာကျင်းပသွားမည်ဖြစ်ကြောင်း စီစဉ်သူများမှ သိရှိရပါသည်။ 


Los Angeles မြို့ ကဲ့သို့ ပြည်ပနိုင်ငံ မြို့ တမြို့ တွင်ရိုးရာမပျက်တန်ဆောင်တိုင်ပွဲတော်ကို အေးချမ်း လွတ်လပ်စွာကျင်းပနိုင်သလို ပြည်တွင်းတွင်လည်း ငြိမ်းချမ်းစွာကျင်းပနိုင်ကြပါစေ လို့  ပွဲတော်လာသူတဦး က မှတ်ချက်ဆုတောင်းပေးသွားပါသည်။



ငြိမ်းချမ်းပါစေ အမိမြေ...
(ဒေါင်းဂွင်)
ဓါတ်ပုံ
ကိုမိုး
မောင်မောင်ကြည်
ဒေါင်းဂွင်






Tuesday, July 9, 2013

၈လေးလုံး ငွေရတုအကြို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် တွေ့ ဆုံပွဲ (LOS ANGELES, 7 July, 2013)

၈၈၈၈ ငွေရတုအကြို ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် LA မြန်မာမိသားစုများတွေ့ ဆုံပွဲ (Los Angeles, July 7, 2013)

LA Organizers ဓာတ်ပုံသတင်း၊ ဇူလိုင် ၉ ၊ ၂၀၁၃

 ၈လေးလုံး ငွေရတုအကြို ၈၈ မျိုးဆက်ကျောင်းသားများနှင့် မြန်မာမိသားစုများတွေ့ ဆုံပွဲကို Los Angeles မြို့ ၌ ဇူလိုင် ၇ ရက်နေ့ တွင်ကျင်းပခဲ့ရာ San Diego မြို့ မှ ၈၈  မျိုးဆက်ကျောင်းသားများကလည်း တကူးတက လာရောက် တက်ရောက်ကြသည်။ တွေ့ ဆုံပွဲသညေ် အခမ်းအနားပုံစံမျိုးမဟုတ်၊ မိန့် ခွန်းပြော၊ နှုတ်ဆက်၊ ပြန်သွား ခေါက်ရိုးကျိုး ပုံစံမျိုးမဟုတ်ပဲ တက်ရောက်သူနှင့် စကားပြောသူများ အပြန်အလှန် ရင်းနှီးစွာ ဆွေးနွေးသည့် တွေ့ ဆုံပွဲဖြစ်သည်။

အကျိုးဆက်အဖြစ် ရှေ့ ဆက် ၈၈မျိုးဆက်လှုတ်ရှားမှုများနှင့် ချိပ်ဆက် ဆောင်ရွက်နိုင်ရန်အတွက် ဆက်သွယ်မှု ကွန်ယက်ဖွဲ့ နိုင်ရန် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

ကိုမင်းဇေယျာနှင့်ကိုပြုံးချိုတို့ က ၈၈မျိုးဆက်ကျောင်းသားများ၏ ခံယူချက်၊ ရပ်တည်ချက်၊ လက်ရှိအခြေအနေ၊ အခက်အခဲ၊ ရှေ့ လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ကိုအံ့ဘွယ်ကျော်က ငွေရတု အခမ်းအနားနဲ့ ပတ်သက်၍ အသေးစိပ်တင်ပြဆွေးဆွေးခဲ့သည်။

ကနေဒါနိုင်ငံ တိုရွန်တိုမြို့ တွင်ပြုလုပ်ခဲ့သော ၈၈ မျိုးဆက်ညီလာခံသို့ တက်ရောက်ခဲ့သူ မစီစီအေးကလည်း သူ့ ရဲ့အတွေ့ အကြုံများကို ရှင်းပြခဲ့သည်။

ထို့ နောက် အမေးအဖြေကဏ္ဍကို အချိန်ယူပြီးမေးသမျှမေးခွန်းများကို အသေးစိပ်ပြန်လည်ဖြေကြားပေးသည့် အတွက် တက်ရောက်သူများကိုစိတ်တိုင်းကျစေခဲ့သည်။

ကိုပြေငြိမ်းက တက်ရောက်သူများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့သည်။

တွေ့ ဆုံပွဲအပြီး အမှတ်တရ
တွေ့ ဆုံပွဲကို သြစတျေးလျှနိုင်ငံမှ နိုင်ငံတကာရောက် ၈၈ မျိုးဆက် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မီတီ၏ကိုယ်စားလှယ် ကိုစိုးလွင် (၀ဲအစွန်) လည်းတက်ရောက်ခဲ့ပြီး တွေ့ ဆုံပွဲ စ-လယ်-ဆုံး ကူညီဆောင်ရွက်ပေးခဲ့သည်။

 
တွေ့ ဆုံပွဲစီစဉ်သူများမှ ၈၈ မျိုးဆက်ကျောင်းသားများအတွက် ဂုဏ်ပြုလက်ဆောင်ကူညီငွေများကိုကောက်ခံပေးခဲ့ပြီး ကောက်ခံရရှိငွေများအားလုံးကို ကျောင်းသားများအား လွဲပြောင်းပေးအပ်ခဲ့သည်။

 
   တွေ့ ဆုံပွဲတွင် လက်ဖက်ရည်နှင့်ဆီထမင်းတို့ ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး ညနေ ၄ နာရီခွဲတွင် အောင်မြင်စွာ ပြီးဆုံးစေခဲ့သည်။
(မိုးမခသတင်းမီဒီယာမှ ပြန်လည်ဖော်ပြသည်)

Tuesday, September 4, 2012

Daw Aung San Suu Kyi and Los Angeles


မိတ်ဆွေတို့ ...

ဒေါ်အောင်ဆန်းစုကြည်နဲ့  မြန်မာမိသားစုများတွေ့ ဆုံပွဲကို ချောမွေ့ အောင်မြင်စွာကျင်းပနိုင်ဖို့ အတွက် LA မြို့ နှင့် အနီးတ၀ှိုက်ရှိ ပြည်သူအားလုံးရဲ့ တက်ကြွစွာ ပါဝင်ပူးပေါင်းမှုလိုအပ်ပါတယ်။ ထို့ အတွက်ကြောင့် ပွဲဖြစ်မြောက်ရေးကော်မီတီများနှင့်ဆက်သွယ်ပြီး မိမိတတ်နိုင်သည့် အပိုင်းကဏ္ဍမှ တတ်စွမ်းသ၍ ပါဝင်ပူးပေါင်းကူညီနိုင်ကြောင်း အသိပေးနိုးဆော်အပ်ပါတယ်။

http://dasskvisitla.org/
dawaungsansuukyilatours@gmail.com
laorganizers4burma@gmail.com




Monday, August 13, 2012

၂၄ နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံ အခမ်းအနား (Los Angeles)

ရှစ်လေးလုံး ၂၄ နှစ်မြောက် အခမ်းအနား ဖိတ်ကြားလွှာ
ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် ၈၈ မျိုးဆက်ကျောင်းသားများကို ငွေလှူဒန်း
အခမ်းအနားမစတင်မှီ ကြိုတင်ပြင်ဆင်နေသော ကိုချိုတူးဇော်

ကျဆုံးသွားကြသူများကို ရေဆက်ချ...အမျှဝေ...

ဘုန်းတော်ကြီးများကို နေ့ ဆွမ်း ဆက်ကပ်



အခမ်းအနားတက်ရောက်လာသူများကို နေ့ လည်စာဖြင့် ဧည့်ခံ




နိုင်ငံတော်သီချင်းဖြင့် အခမ်းအနား စတင်

ကိုပြေငြိမ်းရဲ့ အဖွင့်စကား...

၈၈ မျိုးဆက် ကိုကျော်ဌေးဦးရဲ့ သတိတရစကား...

၈၈ မျိုးဆက်ကျောင်းသားများရဲ့ သ၀ဏ်လွှာကို ကိုကျော်ကျော်ဝင်းက ဖတ်ကြား

ကိုသူရက ဒါရိုက်တာနဲ့ စာရေးဆရာ ကိုချိုတူးဇော်ကို ပရိတ်သက်နှင့် မိတ်ဆက်...

ကိုချိုတူးဇော်က Great Society နှင့် မြန်မာပြည်အကြောင်းကို ၈လေးလုံးကို နောက်ခံထား၍ ဟောပြော...

လက်ခုတ်သံများ လွှမ်းမိုးသွားတဲ့ ဟောပြောချက်...
ကိုမော်ကြီးရဲ့ ကျေးဇူးတင်စကား

ကမ္ဘာမကြေဘူး သီချင်းဖြင့် အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံး...

အခမ်းအနားအပြီး အမှတ်တရ...




 ၂၄နှစ်မြောက် ရှစ်လေးလုံးအခမ်းအနားကို သြဂုတ်လ ၁၂ ရက်၊ ၂၀၁၂ တနင်္ဂနွေနေ့ တွင် Los Angeles မြို့ ၊ La Puente အရပ်ရှိ ဗုဒ္ဓဘာသာမြန်မာဘုန်းကြီးကျောင်းတွင် စဉ်လာမပျက် ပြုလုပ်ခဲ့ပါသည်။ နံနက် ၁၀နာရီခွဲ တွင် ဘုန်းတော်ကြီးများက အရေးတော်ပုံအတွင်းကျဆုံးသွားကြသူများကို ကျနသေချာစွာ မေတ္တာပို့  ဆုတောင်းပေးပါသည်။ ထို့ နောက်ဆရာတော်ကြီးများကို နံနက် ၁၁ နာရီ တွင် နေ့ ဆွမ်းကပ်လှူပြီး အခမ်းအနားတက်ရောက်လာသူများကို နေ့ လည်ဖြင့် ဧည့်ခံပါသည်။ ထို့ နောက်အခမ်းအနားကို နေ့ လည် ၁၂ နာရီခွဲတွင် နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ပါသည်။ L.A. Organizers အဖွဲ့ မှ ကိုပြေငြိမ်းက  အခမ်းအနားကို LAO အဖွဲ့ က ဦးစီးကျင်းပခဲ့သည်မှာ ၆ နှစ်တိုင်ပြီ ဖြစ်ကြောင်း၊ ရှစ်လေးလုံးကြောင့် ဖြစ်ပေါ်လာသော ပြုပြင် ပြောင်းလဲရေးအသီးအပွင့်များ ကို မြန်မာပြည်တွင် တွေ့ နေရကြောင်း၊ အသက်ပေးသွားကြသူများကို စဉ်လာမပျက် ဂုဏ်ပြုသွားမည့် အပြင် ၈၈ မျိုးဆက်ကျောင်းသားများအပါအ၀င် ပြည်တွင်းရှိနိုင်ငံရေးအင်အားစုများကို အတတ်နိုင်ဆုံးဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကိုကျော်ဌေးဦးက ကိုယ်တွေ့ ရှစ်လေးလုံးအမှတ်တရစကားများကို ပြောကြားပေးသည်။ ထို့ နောက်ကိုကျော်ကျော်ဝင်းက ၈၈မျိုးဆက်ကျောင်းသားများပေးပို့ သော သ၀ဏ်လွှာကို ဖတ်ကြားပေးခဲ့သည်။ ကိုသူရက ဒါရိုက်တာနှင့်စာရေးဆရာကိုချိုတူးဇော်ကို ပရိတ်သက်နှင့် မိတ်ဆက် ပေးပြီးနောက် ကိုချိုတူးဇော်က Great Society နဲ့ မြန်မာပြည်အကြောင်းကို ၈၈ အရေးတော်ပုံကို အခြေခံထားပြီး ပရိသတ်လက်ခုတ်သံများ မစဲအောင် ပြောကြားသွားပေးခဲ့သည်။ ထို့ နောက်ပရိသတ်များမေးမြန်းသော ရိုဟင်ဂျာကိစ္စ၊ ဒီမိုကရေစီအောင်မြင်မှုဘာကြောင့်နှေးကွေး ရပုံ..များကို ပြန်လည်ဖြေကြားပေးခဲ့သည်။ ထို့ နောက်ကိုမော်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် L.A. Organizers အဖွဲ့ မှ တာဝန်ယူပြီး ပြည်တွင်းဒီမိုကရေစီအဆောက်အအုံများကို တတ်နိုင်သလောက် ကူညီထောက်ပံ့ရာတွင် ကျပ်သိန်း ၅၀၀ ရှိပြီဖြစ်ကြောင်း၊ ယင်းငွေများမှာ L.A. မြို့ နှင့်အနီးတ၀ှိုက်ရှိပြည်သူ များ၏ အားပေးထောက်ခံမှုကြောင့်သာဖြစ်ကြောင်း၊ ဒီမိုကရေစီရေးပြီးပြတ်သည်ထိ ဆက်လက်၍ ကူညီသွားကြရန်တိုက်တွန်းကြောင်း ပြောကြားသွားသည်။

အခမ်းအနားအပြီး တက်ရောက်လာသူများကပြောကြားကြရာတွင် ကိုချိုတူးဇော်သည် နိုင်ငံရေးသမား မဟုတ်သော်လည်း အနုပညာသမားတယောက်အနေဖြင့် သူ၏ရှုထောင့်က မြန်မာပြည်ဒီမိုကရေစီအရေး အတွက်တင်ပြပုံကို စိတ်ဝင်စားကြောင်း၊ ပြည်သူဖက်က ပြတ်သားစွာရပ်တည်သော၊ ရှားပါးသောအနု ပညာသည်တဦးကို အခုလို တကူးတက ဖိတ်ကြားပေးသော LAO အဖွဲ့ အား ကျေးဇူးတင်ကြောင်း၊ ၉၀ ဒီဂရီနီးပါး ရှိသော အပူချိန်ကို မမှုဘဲ လာရောက်နားထောင်ရသည်မှာတန်ဖိုးရှိကြောင်း ပရိသတ်များက မှတ်ချက်ပေးသွားကြပါသည်။
 
၂၄ နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် ၈၈ မျိုးဆက်ကျောင်းသားများကို L.A. Organizers အဖွဲ့ က ကျပ်ငွေ ၁၀ သိန်းလှူဒန်းခဲ့ပါသည်။

Thursday, March 29, 2012

ချိုတူးဇော်ရဲ့ လွမ်းစိမ့်

မိတ်ဆွေများ...အဆင်ပြေရင် လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
တကယ်တော့ လွမ်းစိမ့်ဟာ...
"လွမ်းစိမ့်. . . ဆိုတာ. နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်စနစ်အောက်မှာ ပြားပြားဝပ်ဝပ် ဖိနှိပ်ခံထားရတဲ့ မြန်မာပြည်ရဲ့ စာပေ ဂီတ ရုပ်ရှင်တွေထဲကနေ .. ရုန်းကြွတော်လှန်လာတဲ့ အနုပညာ ပစ္စည်းတခုပဲဗျ။ ဒါ ဗီဒီယိုကား သက်သက် မဟုတ်ဘူး။ သမိုင်းပါ။ ကျနော်တို့ရဲ့ တော်လှန်ရေးပါ။
၈၈ မျိုးဆက်ရဲ့ သမိုင်းဝန်ထမ်းပိုးမှုပါ။"
(ဒါရိုက်တာ ချိုတူးဇော်)

ခင်မင်လေးစားစွာဖြင့်...
L.A. Organizers for Burma.