Thursday, September 9, 2010
Monday, September 6, 2010
Saturday, September 4, 2010
Thursday, August 12, 2010
၂၂ နှစ်မြောက် ၈၈၈၈ အခမ်းအနား (Los Angeles)
ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံ ၂၂ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို အယ်အေမြို့ လပွန်းတီ အရပ်ရှိ မြန်မာဗုဒ္ဒဘာသာကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားဟာ ရိုးရိုးလေးဖြစ်ပြီး အမှတ်တရ စကားပြောခြင်း၊ ၈၈၈၈ ရည်စူး အမှတ်တရ ကဗျာများရွတ်ဆိုခြင်း၊ ကိုယ်တွေ့ အဖြစ်အပျက်များပြောကြားခြင်းနဲ့ အကျွေးအမွေးဖြင့် ဧည့်ခံခြင်းတို့ ဖြစ်ပါတယ်။ အခမ်းအနားမှာ အထူးအစီအစဉ်အဖြစ် မြန်မာပြည်တွင်းရှိ NLD အဖွဲ့ ရဲ့ခေါင်းဆောင်တဦးဖြစ်သော အဘဦးဝင်းတင်မှ ဤအခမ်းအနားသို့ ပေးပို့ ထားသော အသံဖိုင်ကို ဖွင့်ပြပေးခဲ့ပါတယ်။
အခမ်းအနားအဓိကထူးခြားချက်မှာ ၈လေးလုံး ၂၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယုံကြည်ချက်ကြောင့် ဖမ်းဆီးအကျဉ်းကျနေသူ ၈၈ မျိုးဆက်ကျောင်းသူကျောင်းသား ၂၀ ဦးအား ဂုဏ်ပြုထောက်ပံ့မှု ပြုလုပ်ခြင်း ဖြစ်ပါတယ်။ အရင်ပြီးခဲ့တဲ့ ဒေါ်စုမွေးနေ့ တုန်းကလဲ မတရားဖမ်းဆီး အကျဉ်းကျနေသူ အမျိုးသမီး ၂၀ ဦးကို အယ်အေမြို့ က ဂုဏ်ပြု ထောက်ပံ့ခဲ့ပြီးဖြစ်ပါတယ်။ ဒီအခမ်းအနားကို ဦးဆောင်ကျင်းပတဲ့ LA Organizers အဖွဲ့ ဝင်တဦးပြောပြချက် အရ LA Organizers အဖွဲ့ ရဲ့ ရည်ရွယ်ချက် ၂ ခုဖြစ်တဲ့ ကျဆုံးသွားသူ အာဇာနည်များအား မမေ့မလျော့ပဲ ဂုဏ်ပြုရေး၊ ဖိနှိပ်မှုများကို မမှုဘဲ အမျိုးသားလွတ်မြောက်ရေးကို ဆက်လက်လုပ်ဆောင်နေသူ များအားလည်း အားပေးကူညီထောက်ပံ့ရေးဆိုတဲ့ ရည်ရွယ်ချက်များ ဒီပွဲလေးမှာ မင်္ဂလာရှိစွာ အထမြောက် ကြောင်း ပြောပြပါ တယ်။
လော့အိမ်ဂျလိစ်မြို့ က ၂၂ နှစ်မြောက် ၈၈၈၈ အခမ်းအနား
ဒီမိုကရေစီတိုက်ပွဲများအတွင်း ကျဆုံးသွားသူများကို ဂုဏ်ပြုသည့် အနေဖြင့် တမိနစ်...ငြိမ်
မနေနေ က အခမ်းအနားမှာ ဂုဏ်ပြုထောက်ပံ့ပေးမဲ့ ၈၈ မျိုးဆက် ကျောင်းသားများရဲ့ ကိုယ်ရေးရာဇ၀င် အကျဉ်းကို ဖတ်ကြားနေစဉ်
ဒေါက်တာအောင်မျိုးသန့် က ဆရာတင်မိုးရဲ့ မျိုးဆက်သစ်၏စေတနာ ကဗျာကို ရွတ်ဆိုနေစဉ်
ဒေါက်တာ လမင်းတရာက သူအလွန်လေးစားသော ဆရာကြီးဦးဝင်းတင်ရဲ့ ကျားရဲ ကဗျာကို ရွတ်ဆိုနေစဉ်
ကဗျာ၊ စာရေးဆရာမ မွန်ဒရာ က သူကိုယ်တိုင်ရေးကဗျာဖြစ်သော ရေစုန်းမီးစုန်း ကဗျာအကြောင်းကို ပြောကြားနေစဉ်
ကိုကျော်ဌေးဦးက ၈၈ မျိုးဆက်ကျောင်းသားများ ပေါ်ထွန်းလာခြင်းအကြောင်းကို ပြောကြားနေစဉ်
NLD အင်္ဂပူမြို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြ၀င်းက ၈၈၈၈ အမှတ်တရ စကားပြောကြားနေစဉ်
အခမ်းအနား ခေတ္တရပ်နားပြီး အကျွေးအမွေးဖြင့် ဧည့်ခံနေစဉ်
အခမ်းအနားအဓိကထူးခြားချက်မှာ ၈လေးလုံး ၂၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယုံကြည်ချက်ကြောင့် ဖမ်းဆီးအကျဉ်းကျနေသူ ၈၈ မျိုးဆက်ကျောင်းသူကျောင်းသား ၂၀ ဦးအား ဂုဏ်ပြုထောက်ပံ့မှု ပြုလုပ်ခြင်း ဖြစ်ပါတယ်။ အရင်ပြီးခဲ့တဲ့ ဒေါ်စုမွေးနေ့ တုန်းကလဲ မတရားဖမ်းဆီး အကျဉ်းကျနေသူ အမျိုးသမီး ၂၀ ဦးကို အယ်အေမြို့ က ဂုဏ်ပြု ထောက်ပံ့ခဲ့ပြီးဖြစ်ပါတယ်။ ဒီအခမ်းအနားကို ဦးဆောင်ကျင်းပတဲ့ LA Organizers အဖွဲ့ ဝင်တဦးပြောပြချက် အရ LA Organizers အဖွဲ့ ရဲ့ ရည်ရွယ်ချက် ၂ ခုဖြစ်တဲ့ ကျဆုံးသွားသူ အာဇာနည်များအား မမေ့မလျော့ပဲ ဂုဏ်ပြုရေး၊ ဖိနှိပ်မှုများကို မမှုဘဲ အမျိုးသားလွတ်မြောက်ရေးကို ဆက်လက်လုပ်ဆောင်နေသူ များအားလည်း အားပေးကူညီထောက်ပံ့ရေးဆိုတဲ့ ရည်ရွယ်ချက်များ ဒီပွဲလေးမှာ မင်္ဂလာရှိစွာ အထမြောက် ကြောင်း ပြောပြပါ တယ်။
ကျဆုံးသွားသူများကို ဂုဏ်ပြုထားသော အဆင်အပြင်
Tuesday, July 20, 2010
Thursday, July 8, 2010
Friday, July 2, 2010
Subscribe to:
Posts (Atom)