Monday, May 30, 2011
Wednesday, April 27, 2011
ABSDF ဥက္ကဌ ကိုသံခဲနှင့် Los Angeles
တော်လှန်ရေးသည် ငါတို့ ကျောင်း...ငါတို့ တက္ကသိုလ်
ကိုသံခဲက မိတ်ဆက်စကား ပြောကြားနေစဉ်
ဘဏ္ဍာရေးမှူးနှင့်ကူညီနေသူ သမီးများ
စားလိုက် ပြောလိုက်Los Angeles
ဧပြီလ ၂၄ ရက်၊ ၂၀၁၁ (တနင်္ဂနွေနေ့ ညနေခင်း)
L.A မြို့ တွင် ရောက်ရှိနေသော ABSDF ဥက္ကဌ ကိုသံခဲနှင့် L.A မြို့ ရှိ ABSDF အဖွဲ့ ဝင်ဟောင်းများ၊ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးထောက်ခံသူ ပြည်သူများနှင့်တွေ့ ဆုံပွဲ အခမ်းအနားကို L.A Organizers အဖွဲ့ က စီစဉ်မှုဖြင့် ကိုမော်ကြီးနှင့် မကေသီနေအိမ်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ ပထမဦးစွာ ကိုသံခဲကမိတ်ဆက်စကား ပြောကြား ပြီး ကိုမော်ကြီး က L.A မြို့ သည် ရာဇ၀င်အရ ABSDF အဖွဲ့ အား တောက်လျောက်ကူညီလာခဲ့ပုံကို သမိုင်းကြောင်းဖြင့် ရှင်းလင်းပြပါသည်။ ကိုပြေငြိမ်းက ကူညီထောက်ပံ့မှုများအတွက် တိုက်တွန်းပြောကြားပြီး ကိုသူရက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးပါသည်။ ကိုသံခဲက ဆက်လက်၍ ABSDF ၏ လက်ရှိ အနေ အထား၊ ရှေ့ ဆက်လုပ်ကိုင်မည့် အစီအစဉ်၊ အဖွဲ့ အစည်းလိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ပြီး နယ်စပ်၌ ယခုလတ်တလော လှုတ်ရှားမှု ဓါတ်ပုံများကို ပြသ ရှင်းပြခဲ့ပါသည်။
အခမ်းအနားသို့ တက်ရောက်သူ ၆၀ ကျော် ၇၀ နီးပါးခန့် ရှိပြီး ထင်ထားသည်ထက် အောင်မြင်သော အခမ်းအနားတခုဖြစ်ပါသည်။ အခမ်းအနားအပြီးတွင် ကောက်ခံရရှိသောအလှူငွေများကို ကိုသံခဲအား L.A Organizers အဖွဲ့ ဘဏ္ဍာရေးတာဝန်ခံ ဒေါ်နှင်းအုန်းက ပေးအပ်ခဲ့ပါသည်။ ကိုသံခဲက အခမ်းအနားကို အားရ ကျေနပ်ကြောင်းနှင့် တက်ရောက်သူများကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။
L.A မြို့ တွင် ရောက်ရှိနေသော ABSDF ဥက္ကဌ ကိုသံခဲနှင့် L.A မြို့ ရှိ ABSDF အဖွဲ့ ဝင်ဟောင်းများ၊ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးထောက်ခံသူ ပြည်သူများနှင့်တွေ့ ဆုံပွဲ အခမ်းအနားကို L.A Organizers အဖွဲ့ က စီစဉ်မှုဖြင့် ကိုမော်ကြီးနှင့် မကေသီနေအိမ်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ ပထမဦးစွာ ကိုသံခဲကမိတ်ဆက်စကား ပြောကြား ပြီး ကိုမော်ကြီး က L.A မြို့ သည် ရာဇ၀င်အရ ABSDF အဖွဲ့ အား တောက်လျောက်ကူညီလာခဲ့ပုံကို သမိုင်းကြောင်းဖြင့် ရှင်းလင်းပြပါသည်။ ကိုပြေငြိမ်းက ကူညီထောက်ပံ့မှုများအတွက် တိုက်တွန်းပြောကြားပြီး ကိုသူရက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးပါသည်။ ကိုသံခဲက ဆက်လက်၍ ABSDF ၏ လက်ရှိ အနေ အထား၊ ရှေ့ ဆက်လုပ်ကိုင်မည့် အစီအစဉ်၊ အဖွဲ့ အစည်းလိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ပြီး နယ်စပ်၌ ယခုလတ်တလော လှုတ်ရှားမှု ဓါတ်ပုံများကို ပြသ ရှင်းပြခဲ့ပါသည်။
ABSDF သည် ၈လေးလုံးအရေးတော်ပုံအပြီး နယ်စပ်အသီးသီးသို့ ရောက်ရှိသွားသော ကျောင်းသားများနှင့်ဖွဲ့  စည်းထားသောအဖွဲ့ ဖြစ်ကြောင်း၊ ကျောင်းသားဆိုသည်မှာ ပြည်သူတို့ ၏သားသမီးဖြစ်သည့်အတွက် ကျောင်းသားတပ်မတော်သည် ပြည်သူ့ တပ်မတော်သာဖြစ်ကြောင်း၊ ဒါကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ လက်တွေ့ အားဖြင့် လက်ခံရမည်သာဖြစ်ကြောင်း၊ တိုင်းပြည်လွတ်မြောက်ရေးအတွက် တဖက်တလမ်းမှ ယုံကြည်ချက်ဖြင့် ၂၃ နှစ်ကြာ တိုက်ပွဲဝင်နေသူများကို တတ်နိုင်သည့်ဖက်မှ ကူညီရမည်ဖြစ်ကြောင်း၊ ကူညီရာ တွင်လည်း နိုင်ငံခြားအကူအညီကို လက်ဖြန့် တောင်းခံနေခြင်းထက် ကိုယ့်နိုင်ငံလွတ်မြောက်ရန်အတွက်
ပြည်ပရောက်မြန်မာများက မိမိတို့ ကိုင်တိုင်ကူညီခြင်းက ပိုမိုထိရောက်ပြီး လက်တွေ့ ကြကြောင်း စသဖြင့် တက်ရောက်လာသူများက ပြောဆိုဆွေးနွေးခဲ့ကြပါသည်။အခမ်းအနားသို့ တက်ရောက်သူ ၆၀ ကျော် ၇၀ နီးပါးခန့် ရှိပြီး ထင်ထားသည်ထက် အောင်မြင်သော အခမ်းအနားတခုဖြစ်ပါသည်။ အခမ်းအနားအပြီးတွင် ကောက်ခံရရှိသောအလှူငွေများကို ကိုသံခဲအား L.A Organizers အဖွဲ့ ဘဏ္ဍာရေးတာဝန်ခံ ဒေါ်နှင်းအုန်းက ပေးအပ်ခဲ့ပါသည်။ ကိုသံခဲက အခမ်းအနားကို အားရ ကျေနပ်ကြောင်းနှင့် တက်ရောက်သူများကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။
Monday, April 4, 2011
Sunday, March 27, 2011
The Honor Dinner and Fundraising for POC in Burma, Los Angeles



Monday, March 14, 2011
Monday, February 28, 2011
Wednesday, February 16, 2011
Subscribe to:
Posts (Atom)





