Monday, January 30, 2012
Thursday, January 12, 2012
Monday, December 12, 2011
Sunday, November 27, 2011
Thursday, November 10, 2011
Monday, August 8, 2011
၈၈၈၈ (သို့ မဟုတ်) မမေ့အပ်သော သမိုင်းဝင်နေ့ 
Los Angeles, Aug 6, 2011
၂၃ နှစ်မြောက် ၈လေးလုံး နှစ်ပတ်လည် အခမ်းအနားကို Los Angeles မြို့ မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တွင် သြဂုတ်လ ၆ ရက်နေ့ ၊ ၂၀၁၁ တနင်္ဂနွေနေ့ တွင် ကျင်းပခဲ့ရာ ပြည်သူလူထု ၁၀၀ ကျော် တက်ရောက်ခဲ့ သည်။ အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ပြီးနောက် ဒို့ အရေး (Our Cause) ရုပ်ရှင်ဇတ်လမ်း တိုအား စတင်ပြသခဲ့သည်။ ဒို့ အရေးရုပ်ရှင်ကားမှာ ဒေါ်အောင်ဆန်းစုကြည်နှင့်မြန်မာပြည်သူများ ဒီမိုကရေစီ နှင့်လူ့ အခွင့်အရေးရရှိရန်ကြိုးပမ်းမှုအပေါ် ကမ္ဘာတ၀ှမ်းရှိသြဇာရှိသူများ၊ နိုင်ငံခေါင်းဆောင်များ၊ အနုပညာသည်များက အားပေးထောက်ခံကြောင်းကို အခြေခံရိုက်ကူးထားသော မှတ်တမ်းတင် ရုပ်ရှင်ကားဖြစ် သည်။
ဇတ်ကားအပြီး ဘုန်းတော်ကြီးများအား ဆွမ်းကပ်လှူပြီး တက်ရောက်လာသော ပရိတ်သက်များအား နေ့  လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ နေ့ လည်စာစားသုံးနေစဉ်အတွင်း ၈ လေးလုံးပြည်သူ့ အရေးတော်ပုံ အကြောင်းနှင့်ပတ်သက်၍ အမှတ်တရစကားပြောကြားခြင်းနှင့် ၈ လေးလုံး ဂုဏ်ပြုတေးသီချင်းများကို သီဆို ဖျော်ဖြေမှုများကိုပြုလုပ်ခဲ့သည်။ ထို့ နောက် ဒုတိယရုပ်ရှင်ကားအဖြစ် Barefoot Student Army ကားကို ပြသခဲ့သည်။ ယင်းဇတ်ကားမှာ ၈ လေးလုံးအရေးအခင်းအပြီး တောခိုသွားကြသော ကျောင်းသားများကို အခြေခံ၍ ရိုက်ကူးထားသော တကယ့်အဖြစ်အပျက်မှန် မှတ်တမ်းတင် ရုပ်ရှင်ကားဖြစ်သည်။ ယင်းဇတ်ကားကို လွန်ခဲ့သော အနှစ် ၂၀ ကျော်က မှတ်တမ်းတင် ရိုက်ကူးထားခြင်းဖြစ်သည်။ ဒီမိုကရေစီတောင်းဆိုလှုပ်ရှားမှု၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး၊ လူ့ အခွင့်အရေးချိုးဖောက်မှု၊ ပေါ်တာအဖြစ် မတရားခိုင်းစေ မှု၊ ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သော NLD အား အာဏာလွဲမပေးမှု စသည်တို့ မှာလွန်ခဲ့သော အနှစ် ၂၀ ကျော်မှ ယနေ့ ထိတိုင် ဖြစ်ပျက်နေသည်ကို မီးမောင်းထိုးပြလို၍ ဤဇတ်ကားကို ပြသခြင်းဖြစ်ကြောင်း စီစဉ်သူတဦးက ပြောပြပါသည်။
အခမ်းအနားကို LA Organizers for Burma အဖွဲ့ ကစီစဉ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အပါအ၀င် ၅ နှစ် ဆက်တိုက် စီစဉ်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ်၏ထူးခြားချက်မှာ အမေရိကန်နှင့်ထိုင်းနိုင်ငံသားများ၊ အရီဇိုးနား ပြည်နယ်မှ ဧည့်သည်မိတ်ဆွေများက တက်ရောက်အားပေးခဲ့ခြင်းဖြစ်ကြောင်း၊ မျိုးဆက်သစ်လူငယ်များ၊ ၈၈ မျိုးဆက် လူလတ်ပိုင်းများ၊ ဒေသခံ ဒီမိုကရေစီအရေးထောက်ခံသူလူကြီးများ၊ စသဖြင့် လူတန်းစားပေါင်းစုံ တက်ရောက် ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ့ဒီမိုကရေစီရေးအောင်မြင်သည်ထိ ဇွဲမလျော့ပဲ တစိုက်မတ်မတ် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ LA Organizers တဦးမှ ပြောကြားသွားခဲ့ပါသည်။



