Wednesday, November 25, 2009

အယ်အေက အမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ

၈၉ နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို အယ်အေမြို့ အောင်ဇေခန်းမတွင် ကျင်းပ ခဲ့ရာ အယ်အေမြို့ ရှိ စာပေစိတ်ဝင်စားသူများ၊ ဆန်ဖရန်မှ မိုးမခမီဒီယာမိသားစုများအပါအ၀င် စိတ်ဝင်စားသူ စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြပါ တယ်။ အခမ်းအနားကို အယ်အေ အခြေစိုက် LA Organizers for Burma အဖွဲ့ နှင့် မန္တလေးဂေဇတ်သတင်းစာတို့ က ပူးတွဲ ကမကထ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

အခမ်းအနားကို ဒီမိုကရေစီ၊ လူ့ အခွင့်အရေး၊ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများတွင် ကျဆုံးသွားသော အာဇာနည်များ ကို ဂုဏ်ပြုသည့် အနေဖြင့် တမိနစ်ငြိမ်သက်ခြင်းဖြင့် စတင်ခဲ့ပါတယ်။ တပြိုင်နက်တည်းမှာ မြန်မာနိုင်ငံတော် သီချင်းကို ဒေါ်မာမာအေးက ဦးဆောင် သီဆိုခဲ့ပြီး တက်ရောက်လာသော ပရိတ်သတ်များကလည်း သံပြိုင် လိုက်လံသီဆိုခဲ့ကြပါတယ်။

ထို့ နောက် မန္တလေးဂေဇတ်သတင်းစာရဲ့ဥက္ကဌလည်းဖြစ်၊ အောင်ဇေခမ်းမရဲ့ ပိုင်ရှင်လည်းဖြစ်သူ ဒေါက်တာ ဇော်ထွန်းက ဟောပြောမည့်သူများနှင့်တက်ရောက်လာသော ပရိတ်သတ်များအား နှုတ်ခွန်းဆက် ကြိုဆိုစကား ပြောကြားခဲ့ပါတယ်။

ထို့ နောက် ဒေါက်တာအောင်ခင်က LA Organizers အဖွဲ့ ကိုယ်စား အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက် အမှာစကားကို ပြောကြားခဲ့ပါတယ်။

ထို့ နောက် ပထမဆုံးပြောကြားမည့် ဆရာအောင်ဝေးကိုယ်ရေးရာဇ၀င် အကျဉ်းချုပ်ကို ဒေသခံ စာရေးဆရာမ ညိုခက်ကျော်က ပရိတ်သတ်များနှင့် မိတ်ဆက်ပြောကြားပေးခဲ့ပါတယ်။

ထို့ နောက်ဆရာအောင်ဝေးက “ကတိနဲ့ တာဝန်” အကြောင်းဟောပြောရာတွင် “ကတိဆိုတာ ပါးစပ်ကပေးတဲ့ ကတိမတည်ရင် လည်းရတယ်။ ဒါပေမဲ့ ရင်ထဲကလာတဲ့ ကတိ၊ နှလုံးသားထဲက၊ စိတ်ထဲကရည်ရွယ်ထားတဲ့ကတိ ကိုတော့ မဖျက်သင့်။ ဥပမာအားဖြင့်...ငါပြန်လာခဲ့မယ်ဆိုပြီး ပြန်မလာတာ ကိစ္စမရှိ၊ သို့ သော် တိုင်းပြည်ကို ကောင်းအောင်လုပ်မယ်လို့ နှလုံးသားထဲက ပေးထားတဲ့ကတိကိုတော့ တည်ဖို့  လိုတယ်” လို့ ပြောကြားသွားခဲ့ ပါတယ်။ တဆက်တည်းမှာပဲ... “တာဝန်ဆိုတာ ခိုင်းမှလုပ်တဲ့အရာမျိုး မဟုတ်ဘဲ ကိုယ့်အသိစိတ်ဓါတ်နဲ့ လုပ်သင့် တဲ့အချိန်မှာ လုပ်တာမျိုးဟာ သမိုင်းပေးတာဝန်ဖြစ်တယ်” လို့  ပြောသွားခဲ့ ပါတယ်။

ဒုတိယပြောကြားပေးမဲ့ ဆရာမမေငြိမ်းကို ကိုသားကြီး ခေါ် မျိုးချစ်မြန်မာက ပရိတ်သတ်နှင့် မိတ်ဆက်ပေးခဲ့ပါ တယ်။

ဆရာမပြောကြားမဲ့ခေါင်းစဉ်က “ချစ်စိတ်” ဖြစ်နေသောကြောင့် အချစ်အကြောင်းပြောမည်ဟု ပရိတ်သတ်များ က ထင်မှတ်နေကြပါတယ်။ သို့ သော်ဆရာမဟောသောချစ်စိတ်က... လူတဦး တယောက်တွင် ထားသင့်သော စိတ်၊ နိုင်ငံကိုချစ်သောစိတ်၊ အကြောင်း အရာတခုခုကို ချစ်သောစိတ်... အကြောင်းကို ပြောသွားခဲ့ပါတယ်။ စာပေကို တိုးတက်အောင်လုပ်တာပဲဖြစ်ဖြစ်၊ နိုင်ငံကို တိုးတက်ဖို့  လုပ်တာပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် မေတ္တာ အစစ်အမှန် (အချစ်စိတ်) ဖြင့် လုပ်ဆောင်ဖို့  လိုတယ်ဆိုတာကို ဥပမာများနှင့် တင်ပြသွားပါတယ်။

ထို့ နောက် အခမ်းအနားကို ခေတ္တရပ်နားပြီး အားလူးပူရီ၊ ကောက်ညှင်းပေါင်း၊ ဘိန်းမုန့် ၊ လက်ဖက်ရည်တို့ ဖြင့် တက်ရောက်လာသူ များအား ဧည့်ခံကျွေးမွေးခဲ့ပါတယ်။

ထို့ နောက် နောက်ဆုံးပြောကြားမဲ့ နိုင်ငံကျော်အဆိုတော် ဒေါ်မာမာအေးအား သူမကို ကြည်ညိုလေးစားသူတဦး ဖြစ်တဲ့ ဒေါက်တာအောင်မျိုးသန့် က မိတ်ဆက်ပေးခဲ့ပါတယ်။

အင်္ဂလိပ်မြန်စာ စစ်စဖြစ်ပြီးတဲ့ကာလက စပြီး ပေါ်တော်မူခေတ်၊ နယ်ချဲ့ အုပ်စိုးခေတ်၊ တော်လှန်ရေးခေတ်... စသဖြင့် ခေတ်အဆက် ဆက်တွင် ပေါ်ထွန်းခဲ့သော၊ မြန်မာနိုင်ငံအမျိုးသားရေးကို နှိုးဆော်တိုက်တွန်း ပေါ်လွင် စေသော သီချင်းများကို တီးလုံးမပါဘဲ သီဆို သွားခဲ့ပါတယ်။ သမ္ဘာရင့် ဂန္တာဝင် အဆိုတော်တဦး ပီသစွာ ပရိသတ်ကို ဆွဲဆောင်သွားခဲ့ပြီး... ပရိတ်သတ်များဟာ ခေတ်ဟောင်းကို ကိုယ်တိုင်ပြန်ရောက်သွားသလို ခံစားရပါတယ်။

အစီအစဉ်အဆုံးသတ်အနေဖြင့် LA Organizers မှ ကိုပြေငြိမ်းက အခမ်းအနားစီစဉ်သူများကိုယ်စား ကျေးဇူး တင်စကား ပြောကြားခဲ့ ပါတယ်။

ထို့ နောက် ဒေါက်တာဇော်ထွန်းနှင့်ပန်းချီကိုမျိုးအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ဟောပြောခဲ့သူ ဆရာ၊ ဆရာမများအား ဉာဏ်ပူဇော်ခချီးမြှင့်ခဲ့ပါတယ်။

ကိုမော်ကြီးက ဒေါက်တာဇော်ထွန်းအား ကျေးဇူးတင်ဂုဏ်ပြုလွှာပေးအပ်နေစဉ်

ကိုမိုးကျော်က ဆရာမအား ဉာဏ်ပူဇော်ခ ချီးမြှင့်နေစဉ်

မနေးနေးက ဆရာအောင်ဝေး ပေးအပ်နေစဉ်

ကိုသူရက ဒေါ်မာမာအေးအား ပေးအပ်နေစဉ်

ပရိတ်သတ်အနှစ်သက်ဆုံး...အကြိုက်ဆုံးဟောပြောတဲ့သူကတော့... သူတို့ အားလုံး... သုံးဦးစလုံး...ဖြစ်ပါတယ်။

အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ယခုလို စာပေဟောပြောပွဲကို တကူးတကကျင်းပရခြင်းမှာ ငွေကြေး တတ် နိုင်၍ လုပ်ဆောင်နေခြင်းမဟုတ်ပဲ... မြန်မာနိုင်ငံ၏ နေ့ ထူးနေ့ မြတ်တနေ့ ဖြစ်သော အမျိုးသားအောင်ပွဲနေ့ ကို အမှတ်တရ ဂုဏ်ပြုတဲ့အနေဖြင့် လည်းကောင်း၊ နောင်လာနောက်သားများ အမှတ်ရစေရန်ရည်ရွယ်၍ လည်းကောင်း၊ အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ နောင်နှစ် စာပေဟောပြောပွဲကိုလည်း ယခုနှစ်ထက် ပိုမိုကောင်းမွန်အောင်ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ပရိတ်သတ် များ စိတ်ဝင်စားဖွယ်ရာ အစီအစဉ်အသစ်များကိုလည်း ထဲ့သွင်းသွားမည်ဖြစ်ကြောင်း... ပွဲစီစဉ်သူ LA Organizers တဦးက ပြော ကြားခဲ့ပါတယ်။

အခမ်းအနားမှူးများဖြစ်တဲ့ ကိုဇော်မင်းအောင်နှင့် မရှင်းရှင်း

ပွဲအပြီးအမှတ်တရ

ပွဲစီစဉ်သူ LA Organizers နှင့် မန္တလေးဂေဇတ် အဖွဲ့ သားများ

Wednesday, October 14, 2009

L.A. Organizers' Interview: Burma VJ

L.A Organizers နှင့် Burm VJ ပရိသတ်များ ဆွေးနွေးပုံ အကြောင်းများကို ကြည့်ရှုနိုင်ပါပြီ...

L.A. Organizers Part 1

L.A. Organizers Part 2

L.A. Organizers Part 3




Monday, September 28, 2009

Burma VJ အောင်မြင်စွာ ပြီးစီး

စုပေါင်းညီညာ အောင်ကြောင်းဖြာ...

အမှတ်တရ စကားပြောကြားပေးခဲ့ကြတဲ့ ဆရာတော် ဦးဂုဏိသာရ၊ ကိုပြေငြိမ်းနှင့် ကိုချစ်မောင်

Event main sponsor နှင့် ကျေးဇူးတင်စကား ပြောကြားခဲ့တဲ့ LA Organizers မှ ကိုမော်ကြီး


Whittier College မှ ဆရာကိုချစ်မောင် (Jason Carbine, Ph.D.)၊ ကျောင်းသားကျောင်းသူများ၊
LA Organizers များနှင့် Daw Suu's Freedom to lead



တခဲနက် လာရောက်အားပေးကြည့်ရှုကြသူများ

ကလေးငယ်များ၏ ရွှေဝါရောင် တော်လှန်ရေးအတွင်း ရွတ်ဖတ်ခဲ့ကြသော မေတ္တာပို့ ဆုတောင်း