Monday, June 20, 2011

Daw Aung San Suu Kyi's Birthday and Burmese Women's Day @ Los Angeles















ဇွန်လ ၁၉ရက်နေ့ တွင်ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နှင့်မြန်မာ့အမျိုးသမီးများနေ့  အခမ်းအနားကို Los Angeles မြို့ လပွန်းတီအရပ်ရှိ မြန်မာဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၌ ကျင်းပခဲ့ရာ မြန်မာ့ဒီမိုကရေစီအရေးကို အမြဲလိုအားပေးသော၊ ဒေါ်အောင်ဆန်းစုကြည်အား လေးစားထောက်ခံသော ပြည်သူလူထု ၁၀၀ ကျော်တက်ရောက်ခဲ့ပါသည်။ တက်ရောက်လာသူများက ဒေါ်စုအားဂုဏ်ပြုသော အမှတ် တရစကားများ ပြောကြားခြင်း၊ မွေးနေ့ သီချင်းသီဆိုခြင်း၊ ဒေါ်စုအတွက်စပ်ဆိုထားသော ထက်အောင်ရှိုင်း၏ “ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အတွက်သီချင်း”ကို သီဆိုခြင်းတို့ ဖြင့် အခမ်းအနားမှာ စည်ကားအသက်ဝင်ခဲ့ ပါသည်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ကိုကြိုဆိုသည့်အနေဖြင့် မွေးနေ့ ပွဲ မတိုင်မှီ ၁ ပတ်အလို ဇွန်လ ၁၂ ရက်နေ့ တွင်လည်း မွေးနေ့ ပွဲပြုလုပ်မည့် လပွန်းတီအရပ်ရှိ ဗုဒ္ဓဘာသာမြန်မာဘုန်းကြီးကျောင်းမှ ဆရာတော်များအား နေ့ စွမ်းကပ်လှူခဲ့ပါသည်။ ဆရာတော်များက ဒေါ်စုအတွက် မွေးနေ့ ဆုတောင်းပေးခဲ့ပြီး မြန်မာပြည်သားအားလုံးအတွက် အမျှပေးဝေခဲ့ပါသည်။ LA Organizers မိသားစုများက ကျောင်းပတ်ဝန်းကျင်အား သန့် ရှင်းရေးလုပ်အားဖြင့် ကုသိုလ်ပြုခဲ့ပါသည်။

အခမ်းအနားကို စီစဉ်သူ LA Organizers အဖွဲ့ မှ အဖွဲ့ ဝင်များကလည်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားများအားတိုက်ခိုက်မှု ရပ်စဲရန်၊ ဖြစ်ပေါ်နေသော နိုင်ငံရေး အခက် အခဲများကို တွေ့ ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရန်၊ ပြည်ပရောက်နိုင်ငံသားများကို မြန်မာနိုင်ငံသို့ လွတ်လပ်စွာ ပြန်လာနိုင်ရန် စသည့်တောင်းဆိုချက်များပါဝင်သော လက်မှတ်ရေးထိုး တောင်းဆိုမှုကို ပြုလုပ်ခဲ့ပါသည်။ ထို့ ပြင် Los Angeles မြို့ က ပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသား အယောက် ၂၀၀ ဦးအား လစဉ်ကူညီနေသော အစီအစဉ်ကို ရှင်းပြခြင်း၊ အထူးသဖြင့် မြန်မာပြည် အပြောင်းအလဲအတွက် လမ်းဆုံလမ်းခွတွင် ရောက်ရှိနေ သော နိုင်ငံရေးအကျပ်အတည်းမှ လွတ်မြောက်နိုင်ရန် နိုင်ငံရေးကို မျက်ခြေမပြတ်ကြရန်နှင့်ယခုထက်ပိုမို၍ လုပ်ကြရန်၊ အထူးသဖြင့် လူငယ်များနိုင်ငံအရေးတွင် ပိုမိုတက်ကြွစွာ ပါဝင်ကြရန်တိုက်တွန်းခဲ့ပါသည်။ တက်ရောက်လာသူများကလည်း လေးစားထိုက်သောဒေါ်စုကို အတုယူကာ ဒေါ်စုကဲ့သို့ အနစ်နာခံကာအများ အကျိုးကိုလုပ်ဆောင်ကြရန်၊ မြန်မာ့နိုင်ငံရေးတွင် ဒေါ်စုအရေးပါပုံ၊ အမေရိကားတွင်ရရှိသော လွတ်လပ်မှုနှင့် ချမ်းသာမှုကို မိမိတို့ ကဲ့သို့ ပင် ပြည်တွင်းမှပြည်သူများလည်းရရှိခံစားစေနိုင်ရန်အတွက် မမေ့လျော့ အတတ်နိုင် ဆုံးလုပ်ဆောင်ကြရန် စသဖြင့် အမှတ်တရစကားများ ပြောကြားပေးခဲ့ကြသည်။ ထို့ ပြင် ပြည်တွင်း ရန်ပုံငွေ အတွက် ဒေါ်စုဓါတ်ပုံများ၊ တီရှပ်များရောင်းချခဲ့ပါသည်။ ဒေါ်စုမွေးနေ့ ကိပ်မုန့် ခွဲခြင်း၊ မွေးနေ့ အမှတ်တရ သီချင်းသီဆိုခြင်း၊ အမှတ်တရ ဓါတ်ပုံရိုက်ခြင်းတို့ ဖြင့် အခမ်းအနားကို အောင်မြင်စွာ ပြီးစီးစေခဲ့ပါသည်။

Wednesday, April 27, 2011

ABSDF ဥက္ကဌ ကိုသံခဲနှင့် Los Angeles

အခမ်းအနားသို့ တက်ရောက်သူများကို အကျွေးအမွေးဖြင့် ဧည့်ခံနေစဉ်

တော်လှန်ရေးသည် ငါတို့ ကျောင်း...ငါတို့ တက္ကသိုလ်

ကိုသံခဲက မိတ်ဆက်စကား ပြောကြားနေစဉ်

ကိုမော်ကြီးက L.A မြို့ အစဉ်အလာကို ပြောပြနေစဉ်

ကိုပြေငြိမ်းရဲ့ တိုက်တွန်းချက်

အခမ်းအနားမှူး ကိုသူရ

ကိုသံခဲနှင့် မန္တလေးဂေဇတ်သတင်းစာအဖွဲ့ 

ဘဏ္ဍာရေးမှူးနှင့်ကူညီနေသူ သမီးများ

ကိုသံခဲနှင့်လူငယ်မျိုးဆက်များ

စေတနာပြည့်ဝသော အိမ်ရှင် ကိုမော်ကြီး+မကေသီနှင့် ကိုသံခဲ

ABSDF အဖွဲ့ ဝင်ဟောင်းများနှင့်အမှတ်တရ

စားလိုက် ပြောလိုက်

အခမ်းအနားပြီး အမှတ်တရ

အလှူငွေ လက်ခံနေစဉ်

Los Angeles
ဧပြီလ ၂၄ ရက်၊ ၂၀၁၁ (တနင်္ဂနွေနေ့ ညနေခင်း)

L.A မြို့ တွင် ရောက်ရှိနေသော ABSDF ဥက္ကဌ ကိုသံခဲနှင့် L.A မြို့ ရှိ ABSDF အဖွဲ့ ဝင်ဟောင်းများ၊ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးထောက်ခံသူ ပြည်သူများနှင့်တွေ့ ဆုံပွဲ အခမ်းအနားကို L.A Organizers အဖွဲ့ က စီစဉ်မှုဖြင့် ကိုမော်ကြီးနှင့် မကေသီနေအိမ်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ ပထမဦးစွာ ကိုသံခဲကမိတ်ဆက်စကား ပြောကြား ပြီး ကိုမော်ကြီး က L.A မြို့ သည် ရာဇ၀င်အရ ABSDF အဖွဲ့ အား တောက်လျောက်ကူညီလာခဲ့ပုံကို သမိုင်းကြောင်းဖြင့် ရှင်းလင်းပြပါသည်။ ကိုပြေငြိမ်းက ကူညီထောက်ပံ့မှုများအတွက် တိုက်တွန်းပြောကြားပြီး ကိုသူရက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးပါသည်။ ကိုသံခဲက ဆက်လက်၍ ABSDF ၏ လက်ရှိ အနေ အထား၊ ရှေ့ ဆက်လုပ်ကိုင်မည့် အစီအစဉ်၊ အဖွဲ့ အစည်းလိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ပြီး နယ်စပ်၌ ယခုလတ်တလော လှုတ်ရှားမှု ဓါတ်ပုံများကို ပြသ ရှင်းပြခဲ့ပါသည်။

ABSDF သည် ၈လေးလုံးအရေးတော်ပုံအပြီး နယ်စပ်အသီးသီးသို့ ရောက်ရှိသွားသော ကျောင်းသားများနှင့်ဖွဲ့  စည်းထားသောအဖွဲ့ ဖြစ်ကြောင်း၊ ကျောင်းသားဆိုသည်မှာ ပြည်သူတို့ ၏သားသမီးဖြစ်သည့်အတွက် ကျောင်းသားတပ်မတော်သည် ပြည်သူ့ တပ်မတော်သာဖြစ်ကြောင်း၊ ဒါကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ လက်တွေ့ အားဖြင့် လက်ခံရမည်သာဖြစ်ကြောင်း၊ တိုင်းပြည်လွတ်မြောက်ရေးအတွက် တဖက်တလမ်းမှ ယုံကြည်ချက်ဖြင့် ၂၃ နှစ်ကြာ တိုက်ပွဲဝင်နေသူများကို တတ်နိုင်သည့်ဖက်မှ ကူညီရမည်ဖြစ်ကြောင်း၊ ကူညီရာ တွင်လည်း နိုင်ငံခြားအကူအညီကို လက်ဖြန့် တောင်းခံနေခြင်းထက် ကိုယ့်နိုင်ငံလွတ်မြောက်ရန်အတွက်
ပြည်ပရောက်မြန်မာများက မိမိတို့ ကိုင်တိုင်ကူညီခြင်းက ပိုမိုထိရောက်ပြီး လက်တွေ့ ကြကြောင်း စသဖြင့် တက်ရောက်လာသူများက ပြောဆိုဆွေးနွေးခဲ့ကြပါသည်။

အခမ်းအနားသို့ တက်ရောက်သူ ၆၀ ကျော် ၇၀ နီးပါးခန့် ရှိပြီး ထင်ထားသည်ထက် အောင်မြင်သော အခမ်းအနားတခုဖြစ်ပါသည်။ အခမ်းအနားအပြီးတွင် ကောက်ခံရရှိသောအလှူငွေများကို ကိုသံခဲအား L.A Organizers အဖွဲ့ ဘဏ္ဍာရေးတာဝန်ခံ ဒေါ်နှင်းအုန်းက ပေးအပ်ခဲ့ပါသည်။ ကိုသံခဲက အခမ်းအနားကို အားရ ကျေနပ်ကြောင်းနှင့် တက်ရောက်သူများကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

Sunday, March 27, 2011

The Honor Dinner and Fundraising for POC in Burma, Los Angeles











LA Organizers for Burma, a community based pro-democracy group in Los Angeles, has launched an excellent dinner for its supporters on March 26, 2011 in Los Angeles. The event has raised incredible amount of funds for Prisoners of Conscience (POC) in Burma. LA Organizers for Burma, consists of all walks of life, becomes to reach its aim – to support 200 POC every month. Because of decent minded Los Angeles people and their support, it is become to reality, one of the organizers said. Currently LA Organizers has collected $7000 so far and many people promised to contribute. The total pledged amount is reached $9000 to this point. It is required $15,000 in order to support 200 POC each month for a year, and LA Organizers has been requesting Burmese community in Los Angeles and other cities in the United States to continue support for Political Prisoners in Burma. “We would like to let people in Burma know that we won’t forget Political Prisoners in Burma, because they are detained by noble causes. We would like to show our solidarity and support even we are in abroad”, one organizer said.