Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Friday, June 19, 2009

မိခင်ထံမှမေတ္တာတောင်းခန်း













မိခင်ရဲ့
နှောင်ကြိုးကို ဖြေခဲ့၊
သည်းစွာသော အနာကို
ကုသခဲ့၊
သမီးရဲ့
လုံ့ လ ၀ီရိယ ဉာဏ်နဲ့ 
နာလန်ထူစေခဲ့။

ကျေးဇူးကို မသိတတ်သော
ထိုထိုသော သူတို့ အား
သိနားလည်အောင်၊ ဆွဲဆောင်နိုင်စွမ်း
သမီးအား ရဲရဲ ကမ်းလင့်ပါ။

ဘေးရန်ကာဆီး
သမီး ထီမည်မဟုတ်
ပတ္တမြားတူစွ ဟုတ္တာ။

တဘ၀ တခါ
သေရမည်ဖြစ်၊ သို့ ဖြစ်ငြားလည်း
အဘယ်နည်းနှင့်၊ သေခွင့်ရခိုက်
ချစ်သမီး၌ မခံစား
တရားအမှန် မှတ်ရန်သာ။

သမီးစိတ်အတွေး
အကယ်အဖြစ် ကူးပြောင်းခဲ့လျှင်
ပြည်သူတို့ လည်း ပျော်ရွှင်ကြအံ့။

အခြား အခြားသော
သူတို့ ရဲ့
ရှုံ့ချခြင်း၊ ကဲ့ရဲ့ခြင်း
မုန်းတီးရွံရှာခြင်း၊ နာမည်ဖျက်ခြင်း
အလျဉ်း သမီး ဂရုမပြု
မုဒိတာတရား၊ လက်ကိုင်ထားပါမည်။

မိခင်ထံမှ
ဒါမှ ငါ့သမီး
ကောင်းချီးကျူးရင့်၊ မေတ္တာလွင့်ပျံ
တေးသံသာကို၊ နားဆင်လိုပါသည်။

မိခင်ကျေးဇူး
စိန္တေထူးကို၊ အဦးရဆုံး
အသိရဆုံး၊ လုံးလုံးဖြစ်ရပါလို၏။

(ဒေါ်အောင်ဆန်းစုကြည်၏ “ဒါမှ ငါ့သမီး” ကဗျာအား ခံစားမျှဝေမှု)

မောင်လွမ်းဏီ
၁၆-၆-၀၉