Showing posts with label ကြေငြာချက်များ. Show all posts
Showing posts with label ကြေငြာချက်များ. Show all posts

Monday, June 8, 2009

64 For Suu


ယခုလာမည့် ဇွန်လ ၁၉ ရက်နေ့သည် မြန်မာပြည်သူလူထု အားလုံး၏ လူထုခေါင်းဆောင် ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ဖြစ်ပေသည်။ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး အတွက် ရည်ရွယ်ပြီး လှုပ်ရှားမှုတခု အနေဖြင့် ၆၄ နှစ်မြောက် မွေးနေ့ကို ၂၀၀၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် La Puente မြို့ 710 S Grandview Lane ရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း၌ LA Organizers 4 Burma အဖွဲ့က ဦးစီးကာ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ တရားမဲ့ ဖမ်းဆီးခံရသည့်အပြင် တဘက်သပ် တရားစွဲဆို ခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် လွတ်မြောက်ရေးကို ရည်စူးသည့်အနေဖြင့် Happy Birthday အစား 64 For Suu ဟု ခေါ်ဝေါ်သုံးစွဲသွားမည် ဖြစ်ပါသည်။ အစီအစဉ် အသေးစိပ်ကို မကြာမီ ကြေငြာမည်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား ချစ်ခင် လေးစား သူများနှင့် စိတ်ပါဝင်စားသူများ မည်သူမဆို အတူတကွ လာရောက် ဆင်နွှဲကြပါရန် နှိုးဆော် လိုက်ပါသည်။

Wednesday, June 11, 2008

ဒေါ်စု မွေးနေ့ ပွဲ LA မှာ ကျင်းပမည်




















Everyone invited to Daw Suu 63rd Birthday Celebration
Date ► June 22, 2008 (Sunday)
Time ► 10 AM – 2 PM
Place ► Burma Buddhist Monastery
710 Grandview Lane, La Puente, CA 91744