Showing posts with label ပြန်လည်ဖော်ပြခြင်း. Show all posts
Showing posts with label ပြန်လည်ဖော်ပြခြင်း. Show all posts

Tuesday, January 13, 2009

သီးလေးသီးအား ဤသို့မြင်ကြသည်

မိမိရဲ့ အမြင်နဲ့ အကြား...
အယ်အေမှာ ပထမဦးဆုံးလုပ်တဲ့ ခမ်းနားထည်ဝါတဲ့ အငြိမ့်ပွဲ...
ရုံဝင်ခငွေနဲ့ ဆုံးဖြတ်၍ မရတဲ့ပွဲ...
သီးလေးသီးက သူတို့  အားခဲထားသမျှ စိတ်ရောကိုယ်ပါ အိပ်သွန်ဖာမှောက် ရှိသမျှကို ပေးသွားတဲ့ပွဲ...
ပရိတ်သတ်ကလည်း သူတို့ နဲ့ တသားတည်းကျကာ ရှိသမျှ ပူပင်သောကတွေ (ခေတ္တ) ပျောက်သွားစေတဲ့ပွဲ... ပွဲစီစဉ်သူတွေကလည်း ငွေကို အဓိကမထား အချိန်ပို ၃ နာရီကို (မမျော်လင့်ထားပဲ) တိုးစေတဲ့ပွဲ...
အယ်အေရာဇ၀င်မှာ ဆုကြေးငွေ အများဆုံးရတဲ့ပွဲ...
ပွဲကြည့်သူများ ပွဲပြီးတော့ ပွဲစီစဉ်သူတွေကို ကျေးဇူးတင်တဲ့ပွဲ...
ပရိတ်သတ်များ အားရကျေနပ်သလို...စီစဉ်သူများ ငွေကုန် လူပန်း နပ်တဲ့ပွဲ...
အဲဒါ အယ်အေက သီးလေးသီးပွဲ...
ပြည်သူတို့ ရဲ့ပွဲ...
(ဘားမားတူဒေးမှ)
http://burmatoday.net/article2005/2009/200901/090106_thee_lay_thee.swf


(မန္တလေး ဂေဇတ်မှ)
ကျွန်တော့်အနေနဲ့ တော့....သိပ်ပြောစရာ မတွေ့မိပါ၊အမေရိကခြေချပြီး..ပထမဆုံးကတဲ့ပွဲမှာတင် ဆုရှီးနဲ့ ပါတ် သက်ပြီး ပျက်သွားတာလေးတွေ ကြိုက်ပါတယ်၊ချက်ချင်းကို ကောက်ယူပျက်လိုက်ကြတာပါပဲ၊ အနုပညာ ရှိ တယ်ပေါ့၊




(ဆန်) နဲ့ (ဆီ)လက်ဝှေ့ ထိုးခန်းကတော့ နည်းနည်း သဘောပေါက်ရခက်ပါတယ်၊သူတို့က မြန်မာပြည်ဈေး တွေ နဲ့ တွက်ပြီး ကုန်ဈေးနှုန်း ခနဲ့ ပျက်တယ်ဆိုပေမဲ့ ဒီမှာနေတဲ့သူတွေအတွက် ရယ်(၇ီ)ရခက်ကြီး ဖြစ်နေသလိုပါပဲ၊

ရာမဇတ်ကတော့ သမင်လေးခုန်ပေါက်တာမျိုးက လှတယ်ထင်မိတာပါပဲ၊ဘီလူးအကကိုတော့ ဓါတ်ပုံတော်တော် ရိုက်ဖြစ်လိုက်ပါတယ်၊ ကွတကွတနည်း ဆန်းတာကိုး...ရာမယန က အရှေ့ တောင်အာရှနိုင်ငံ တော်တော် များများမှာ ရှိတယ်ဆိုပါတယ်၊အခု သီးလေးသီးဇတ်အဖွဲ့ မဖြစ်ခင်ကတည်က.. မြန်မာနိုင်ငံကိုယ်စားပြု ပွဲသွားက ဖူးကြတယ်လည်း ဆိုပါတယ်၊ဆုတွေရဖူးတယ်လည်း ဆိုပါတယ်၊ ပွဲကြည့်ရတာ တန်တာပေါ့၊
နောက်တော့...
ဇတ်ရုံနောက်သွားပြီး ဘီလူးခေါင်းစွပ်ကို အုန်းသီးငှက်ပျောသီး ဆက်ထားတာ အမှတ်တရ ဓါတ်ပုံရိုက်ခဲ့ ပါတယ်၊အုန်းသီးက စားဖို့အဆင့်လုပ်ထားတဲ့ အမာခွံမပါတာကြီး ဖြစ်နေတာပဲ၊ကောင်းပါတယ်၊ အုန်းရေ သောက်ရလွယ်တယ်ပေါ့၊


ကျန်တာတော့ ဝေဖန်ရန်မရှိသေးပါ၊ တော်ကြာ ဘီလူး လာချောက်နေဦးမယ်.....



(LA Organizers မှ)

Dear fellow Burmese compatriots

I watched Thee Lay Thee’s performance in Los Angeles area on the 61st independent day of our motherland Burma (Jan 4 2009). It was breathtaking. I have never known how to enjoy the entertainment arts all my life except some Burmese traditional music. I am a complete dummy when it comes to dances and performances.

Thee lay thee changed my life. I wept as I sang Burmese national anthem with pride.
The traditional dances (U Shwe Yoe; Yama) were so graceful and very elegant. Thee Lay Thee taught me how to appreciate and be proud of our culture I am now so proud my culture. Thee lay thee messages of unity, resoluteness and the patriotism were very loud and clear at most. Humors were so hilarious and so true that I hurt my tummy greatly due to the nonstop laughers. I salute and thank Thee Lay Thee with all my heart. My God Bless Their way and lives.
I also urge all my fellow Burmese patriot around the world to watch Thee Lay Thee and support their cause of freedom in Burma.

May the freedom reign in Burma.

Very Sincerely

Pye Nyein (Los Angeles)

Friday, November 28, 2008

LA က အမျိုးသားနေ့ စာပေဟောပြောပွဲ

(ဒီပို့စ်မှာ ဖော်ပြထားသမျှ ဓါတ်ပုံတွေအားလုံးကို - ဘကြီးအောင် -ခေါ်- ကိုအောင်နိုင်လင်း - ရိုက်ကူး ပေးထားကြောင်း အရင်ဆုံး မှတ်တမ်းတင်ပါတယ်)

ကျနော်က စာပေဟောပြောပွဲတွေ အနီးအနားမှာ ရှိရင် သွားနားထောင်တတ်ပါတယ်။ အရမ်း ဝေးတဲ့ နေရာတွေမှာ ဆိုရင်တော့ သွားချင် သော်လည်း မသွားနိုင်ဘူးပေါ့လေ...။ ခုဆို စာပေ ဟောပြောပွဲတွေ နား မထောင်ရတာ အနှစ် ၂၀ တောင် ရှိခဲ့ပါပြီ။ မှတ်မိတာ ကတော့ ၁၉၈၇ က နောက်ဆုံးပဲ ထင်တယ်။ ဆရာ စိန်ခင်မောင်ရီ၊ ဆရာအောင်သင်း နဲ့ နောက် စာရေးဆရာ တယောက်ပါ...။ စိန်လွင်လေးလို့ ထင်တာပဲ... မမှတ်မိတော့ဘူး။ မှတ်မိနေတာကတော့ အဲတုန်းက အဲစာပေဟောပြောပွဲ ကျင်းပရာ မြို့နယ်က မြို့နယ် ပါတီယူနစ် ဥက္ကဌလား အတွင်းရေးမှူးလား မသိပါဘူး စင်ပေါ်မှာ အမှာစကား အတင်း တက်ပြောပါတယ်။ ဆရာ စိန်ခင်မောင်ရီကို သူကပဲ ပရိတ်သတ်နဲ့ မိတ်ဆက် ပေးနေသေး ... မိတ်သာ ဆက်ပေးနေတာ ဆရာ့နံမည်ကိုတောင် သူ မသိပါဘူး။ ဆရာ ... စိန်... ..... ..... ..... အဲ..အဲ... တဲ့ ... ပြီးတော့မှ နောက်ဖက်က စာတမ်းကိုပြန်လှည့်ကြည့်.... စာရေးဆရာ နံမည်တွေ ဖတ်ပြီးတော့မှ ... ခင်မောင်ရီ.... လို့ ဆိုသဗျ...။ အဲလို ပုဂ္ဂိုလ် တယောက်က စင်ပေါ်တက်ပြီး အမှာစကား မိတ်ဆက်စကား ပြောနေသေး...။ ကျနော်တို့မှာတော့ ရင်ထဲမှာ ကျလိ ကျလိနဲ့...။ ဆရာ စိန်ခင်မောင်ရီ ဟောတဲ့ အလှည့်ရောက်တော့ ဆရာက ကလိ သွားပါသေးတယ်... ရုပ်ရှင်တွေမှာ ပါတဲ့ မစိန်ခင် ကိုတော့ ခင်ဗျားတို့ သိမှာပေါ့... ကျနော့် နံမည်ကို မသိရင်... မှတ်ထား ကြပေါ့ဗျာ .... ရီနေသော မစိန်ခင်၏မောင် ... တဲ့... ပရိသတ်ဆို တအုံးအုံးနဲ့... ရီကြရတာပေါ့။ အဲလိုမျိုး ရီလည်း ရီရ... ဗဟုသုတ တွေလည်း ရတဲ့ စာပေ ဟောပြောပွဲတွေနဲ့ ကျနော် ဝေးနေခဲ့တာ ကြာပြီဆိုတော့ LA မှာ လုပ်မယ့် စာပေ ဟောပြောပွဲကိုတော့ ရောက်အောင် သွားဖို့ အားခဲထားတာပါ။

ဒီစာပေဟောပြောပွဲကို အမျိုးသားနေ့အထိမ်းအမှတ်အတွက် Mandalay Gazette နဲ့ LA Organisers အဖွဲ့ ပေါင်းပြီး စီစဉ်တာ ဖြစ်ပါတယ်။ ကျနော်ကတော့ သွားနားထောင်ဖို့တင် မကပါဘူး.. ဟောပြောပွဲ အတွက်ပါ ၀ိုင်းဝန်း လုပ်ကိုင်ပေးဖို့ပါ...။ သို့သော်လည်း ကျနော့် အလုပ်က အဲနေ့မှာ မအားဘူး။ ခွင့်လည်း ယူလို့မရတော့ အလုပ်ရှင်ကို စောစောပြန်ဖို့သာ ခွင့်တောင်းလို့ ရပါတယ်။

နိုဝင်ဘာ ၂၃ မှာ မနက်ပိုင်း စောစောသွား အလုပ်ဆင်းပြီး အလုပ်ပြီးတာနဲ့ ပြန်လာခဲ့ပါတယ်။ ကျနော်က ဒီကို ပြောင်းလာတာ မကြာသေးတဲ့ အပြင် ဒီဘက်က ဖရီးဝေးတွေနဲ့လည်း သိပ် မရင်းနှီးသေးပါဘူး... ဒါကြောင့်မို့ သူငယ်ချင်းတွေနဲ့ ကပ်လိုက်ဖို့ စဉ်းစားထားတာပါ။ အိမ်ရောက်တော့ တနေ့ညက ပြောထားတဲ့ သူငယ်ချင်းကို ဖုန်းလှမ်းဆက်တော့ သူက သွားနှင့်ပြီ။ တခြား သူငယ်ချင်း တယောက်နဲ့ပဲ လိုက်ခဲ့တော့လို့ ကျနော့်ကို ပြောပါတယ်။ ဒါနဲ့ ကိုယ့်ဖာသာပဲ မောင်းသွားဖို့ စဉ်းစားပြီး လိပ်စာကို ဂူးဂဲလ်မှာ ရိုက်ထည့်ပြီး မြေပုံ ကြည့်လိုက်ပါတယ်။ ဒီလိုနဲ့ Driving Direction ကို ကြည့်လိုက် Traffic ဆိုင်းဘုတ်တွေ ကြည့်လိုက်နဲ့ မောင်းလိုက်တာ တနာရီလောက် မောင်းလိုက်တော့ စာပေဟောပြောပွဲလုပ်မယ့် Monterey Park ကို ချောချော မောမော ရောက်သွားပါတယ်။ သို့သော်လည်း ထုံးစံအတိုင်း မြို့ထဲမှာ ရွာလည်နေပါသေးတယ်။ ဟောပြောပွဲ ကျင်းပမယ့် East-West Dental Function Hall ရှိတဲ့ Garvey Avenue ကြီးကို ရှာတွေ့တော့လည်း အရှေ့နဲ့ အနောက် ပြောင်းပြန်ကြီး မောင်းနေမိလို့ လမ်းမှန်ပေါ် ရောက်နေ တာတောင် ရွာလည်နေပါသေးတယ်။ ဒါနဲ့ ကားခဏရပ်ပြီး လမ်းဘေးက တွေ့တဲ့လူတယောက်ကို မေးတော့မှ ပြောင်းပြန် မောင်းနေမှန်း သိတော့တာ။ ဒါနဲ့ ကားပြန်လှည့်ပြီး လာခဲ့တဲ့လမ်းအတိုင်း ပြန်မောင်း.... နောက်ဆုံးမတော့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်သွားပါတယ်။ ကျနော်ရောက်တော့ နေ့လည် ၁၂ နာရီ ကျော်နေပြီ။ ဟောပြောပွဲကတော့ နေ့လည် ၂ နာရီမှ စမှာပါ။

နောက်တော့ Hall ရှေ့မှာ ကားရပ်ခဲ့ပြီး LA Organizers အဖွဲ့က ကျနော့် သူငယ်ချင်း ကိုသူရထွန်းမော်ကို လှမ်းမြင်လိုက်ရတဲ့ ရိုးမ မြန်မာ စားသောက်ဆိုင်ကို လိုက်သွားပါတယ်။ ဆရာ မောင်သာရကိုလည်း အဲမှာ နေ့လည်စာ စားနေတာတွေ့လိုက်ပါသေးတယ်။ မနက်ကတည်းက ဘာမှ မစားရသေးလို့ ဆာနေရတဲ့ကြားထဲ မြန်မာထမင်းဆိုင်နဲ့ လာတွေ့နေပြီဆိုတော့ ဗိုက်ကလည်း တဂွီဂွီပေါ့...။ ဒါနဲ့ ကိုသူရကို - ကျနော် ဘာမှ မစားရသေးဘူးဗျ... တခုခု စားချင်တယ် ... ဆိုတော့ - အေးလေ... ကိုယ်တို့လည်း စားကြမှာပဲလေ... ဒီမှာ မီနူးရှိတယ်... စားချင်တာ မှာလေ... ဆိုတာနဲ့ မြန်မြန်ဆန်ဆန် စားလို့ရမယ့် မစားရတာလည်း အတော်ကြာနေပြီဖြစ်တဲ့ အုန်းနို့ ခေါက်ဆွဲ တပွဲကို ပဲကျော်နဲ့ မှာ လိုက်တယ်။ တပွဲ $ 4.50။ ကောင်းမှကောင်းပေါ့ဗျာ...။ အုန်းနို့ ခေါက်ဆွဲက အများကြီးပါပဲ... ဆာနေတဲ့ အချိန် စားတာတောင် အကုန် မစားနိုင်ဘူး...။

စားပြီးတော့ ကျနော်တို့ ခေါင်းစည်း သွားလုပ်ကြပါတယ်။ ကိုမျိုးရယ်၊ ကျနော်ရယ်၊ ကိုခိုင်ရယ်။ စာလုံးတွေနဲ့ ပုံတွေကိုတော့ ကိုခိုင် (Mandalay Gazette)က လုပ်လာတာပါ။ အောက်ခံပိတ်ဖြူမှာ စာရွက်တွေ ကပ်ပြီးလုပ်ကြတာပါ။ တိပ်တွေနဲ့ ကပ်ပြီးမှ စာရွက်တွေ ပြန်ပြန်ကွာကျလို့ Stapler နဲ့ ပြန်ချုပ်ရပါသေးတယ်...



ခေါင်းစည်းပြီးသွားတော့ တခြား လုပ်စရာလည်း မရှိတော့ ကျနော်လည်း ဟိုဟိုသည်သည် လျှောက်သွား လျှောက်ကြည့်ပေါ့လေ...။ အခန်းကတော့ သိပ် အကျယ်ကြီး မဟုတ်လှပါဘူး။ သို့သော်လည်း လူ ၂၀၀ လောက်တော့ ဆန့်နိုင်ပါတယ်။ အခန်းလည်မှာ ထိုင်ခုံ တရာလောက် ချခင်းထားပါတယ်။ အခန်းရဲ့ ပတ်ပတ်လည်မှာကတော့ ပစ္စည်းမျိုးစုံနဲ့ ရှုပ်ပွနေတာပါပဲ။ ဟောပြောပွဲလုပ်မယ့် စင်မြင့်မှာတော့ ဗုံတွေတွေ့လို့ အကိုအောင်ဝေးကတောင် ဖျော်ဖြေရေးအစီတွေပါ ရှိသလား မေးနေပါသေးတယ်။

နောက်တော့ နေ့လည် ၂ နာရီမှာ စာပေဟောပြောပွဲကို စတင်ပါတယ်။ presenter တွေ အဖြစ် ဦးကိုလေးနဲ့ မနီလာစိန် တို့က ဆောင်ရွက်ပေးပါတယ်။ သူတို့ နှစ်ယောက် အပြန်အလှန် စကားပြောတဲ့ပုံမျိုးနဲ့ စာပေဟောပြောပွဲ စတင်ပြီဖြစ်ကြောင်း ပရိတ်သတ်ကို ပြောရင်း နေရာယူပေးကြဖို့ ဖိတ်ခေါ်လိုက်တာပါ။ စာပေဟောပြောပွဲ တလျှောက်လုံးမှာ ပရိတ်သတ်ကို ရီမောအောင် လုပ်ရင်း ပွဲထိန်းသွားခဲ့ကြတဲ့ တကယ်တော်တဲ့ presenter တွေ ဖြစ်ပါတယ်။



နောက်တော့ အခမ်းအနား အစီအစဉ်တွေဖြစ်တဲ့ အမျိုးသား သီချင်း သီဆိုမှု။ ဒီမိုကရေစီရေး တိုက်ပွဲစဉ်တလျောက်လုံးမှာ ကျဆုံး သွားကြတဲ့ အာဇာနည်များကို အလေးပြုခြင်း၊ တောင်ပိုင်း ကယ်လီဖိုးနီးယား မြန်မာအသင်းရဲ့ ဥက္ကဌဖြစ်တဲ့ ဒေါက်တာ ဇော်ထွန်းရဲ့ အဖွင့် အမှာစကား ပြောကြားခြင်း။ ကဗျာဆရာ ဝေဖန်ရေးဆရာ ဆရာမောင်စွမ်းရည်ရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို ဖတ်ကြားခြင်း၊ ဆရာ မောင်စွမ်းရည်ရဲ့ ဟောပြောမှု အစီအစဉ်ဖြစ်တဲ့ - ၀တ္ထုအကြောင်း ကဗျာအကြောင်း- ဟောပြောမှု၊ ကဗျာဆရာ ဆရာအောင်ဝေးရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို ဖတ်ကြားခြင်း၊ ဆရာအောင်ဝေးရဲ့ ဟောပြောမှုအစီအစဉ်ဖြစ်တဲ့ - လွမ်းမိတဲ့တရား - ဟောပြောမှု၊ အခမ်းအနား ခေတ္တရပ်နားပြီး အကျွေးအမွေး အစီအစဉ်။ စာရေးဆရာ ဆရာမောင်သာရရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို ဖတ်ကြားခြင်း၊ ဆရာမောင်သာရရဲ့ ဟောပြောမှု အစီအစဉ်ဖြစ်တဲ့ နာမည် (နံမည်) - ဟောပြောမှု၊ စာဖတ်ပရိသတ်နဲ့ ဆရာကြီးများရဲ့ မေးသူ ဖတ်သူ ဆွေးနွေးပွဲ၊ နောက်ဆုံး အစီအစဉ်ဖြစ်တဲ့ ဆရာကြီးများကို ဥာဏ်ပူဇော်ခ ချီးမြှင့်ခြင်း၊ အခမ်းအနား အောင်မြင်စွာ ပြီးစီးမှုအတွက် ကျေးဇူးတင်စကား ပြောကြားခြင်း - စတဲ့ အခမ်းအနား အစီအစဉ်တွေကို presenter ဦးကိုလေးနဲ့ မနီလာစိန်တို့က ပြောကြားကြပါတယ်။



ပထမဆုံး အစီအစဉ်ဖြစ်တဲ့ အမျိုးသားသီချင်းကို ဦးကိုလေး၊ ဆလိုင်းလော်မာ၊ ကိုမျိုး၊ မလေးနိုင်အိ၊ ကိုသူရထွန်းမော်တို့က သီဆိုကြပါတယ်။



အဲဒီနောက်မှာတော့ ဒီမိုကရေစီ ရရှိရေး တိုက်ပွဲစဉ်တွေ တလျောက်လုံးမှာ ကျဆုံးခဲ့တဲ့ အာဇာနည်တွေကို တမိနစ် ငြိမ်သက်ပြီး အလေးပြုကြပါတယ်။



နောက်တော့ စာပေဟောပြောပွဲကျင်းပရာ အဆောက်အဦးကို အသုံးပြုခွင့်ပေးတဲ့ တောင်ပိုင်းကယ်လီဖိုးနီးယား မြန်မာအသင်းရဲ့ ဥက္ကဌဖြစ်တဲ့ ဒေါက်တာဇော်ထွန်းက အမှာစကားပြောပါတယ်။



အဲနောက်တော့ ဆရာမောင်စွမ်းရည်ရဲ့ အတ္ထုပ္ပတ္တိအကျဉ်းကို ကိုဘုန်းရောင်ဦးက ဖတ်ကြားပါတယ်။



ကိုဘုန်းရောင်ဦးရဲ့ ဆရာမောင်စွမ်းရည် အတ္ထုပ္ပတ္တိ အကျဉ်းကို ဖတ်ကြာအပြီးမှာတော့ ဆရာ မောင်စွမ်းရည်ကို- ၀တ္ထုအကြောင်း၊ ကဗျာအကြောင်း - ဟောပြောဖို့စင်မြင့်ပေါ်ကို ဖိတ်ခေါ်လိုက်ပါတယ်။



ဆရာစွမ်းရည်က အမျိုးသားနေ့ဟာ ၁၉၂၀ ကျောင်းသားသပိတ် ပေါ်ပေါက်လာရာကနေ ဖြစ်ပေါ်လာတဲ့ အကြောင်းနဲ့ အစချီပြီး ဟောပြောမှုကို စတင်ပါတယ်။ ၀တ္ထုအကြောင်း ကဗျာအကြောင်း ဟောပြောတဲ့အခါ ရသ (၉) ပါး အကြောင်းဟောပြောရင်း စာပေပညာရှင်ဆိုတာ ရသစာပေတွေကိုရေးတဲ့... ကဗျာ၊ ပြဇာတ်၊ အက်ဆေးနဲ့ ၀တ္ထု တွေကို ရေးတဲ့သူတွေကိုသာ ခေါ်ဆိုကြောင်း...၊ သတင်းစာ ဆရာတွေ မပါကြောင်း...ကို ပြောပြလို့ ဗဟုသုတအဖြစ် မှတ်သားရပါတယ်။ ကဗျာအကြောင်း ဟောပြောရင်းနဲ့ ဆရာကိုယ်တိုင်ရေးခဲ့တဲ့ ကဗျာ သုံး ပုဒ်ကိုလည်း ရွတ်ဆိုပြပါသေးတယ်။ မှတ်မှတ်ရရ ဖြစ်မိတဲ့ ကဗျာကတော့ ...

အင်တာနက်ကနေ ...
စင်တကာတက်ပြီး အော်သံက
”တော်လှန်ကြလော့”တဲ့။
.......... အစချီပြီး

သင်သာ မရှက်ပဲ
အင်တာနက်ထဲ
ထင်ရာအတွက်လွဲနေရင်
မင်္ဂလာ ပျက်မြဲ ပျက်ရုံသာ။
... လို့.. အဆုံးသပ်ထားတဲ့
- အင်တာနက်ပေါ်က နိုင်ငံရေးသမားများသို့ - ဆိုတဲ့ ကဗျာပါ။

ကဗျာအကြောင်းဟောပြောရင်း ကဗျာရွတ်ရင်း ဆရာစွမ်းရည်ပြောသွားတဲ့ စကားလေးတခုကိုလည်း ကျနော် သဘောကျ နေမိပါသေးတယ်။ - အကြမ်းဖက်ဖက်.. အနုဖက်ဖက်... တခုခုကို ဖက်နေဖို့... - ဆိုတာလေးပါ။

ဆရာစွမ်းရည် ဟောပြောအပြီးမှာတော့ ဆရာအောင်ဝေးရဲ့ အတ္ထုပ္ပတ္တိအကျဉ်းကို စာရေးဆရာမ ညိုခက်ကျော်က ဖတ်ကြားပါတယ်။



ဆရာအောင်ဝေး အတ္ထုပ္ပတ္တိ အကျဉ်းကို ဖတ်ကြား အပြီးမှာတော့ ဆရာ အောင်ဝေးကို- လွမ်းမိတဲ့တရား - ကို ဟောပြောဖို့ စင်မြင့်ပေါ်ကို ဖိတ်ခေါ်လိုက်ပါတယ်။



ဆရာအောင်ဝေးကတော့ ကဗျာဆရာပီပီ ကဗျာတွေချည်း ရွတ်ပြတာပါ။ သူ့ ဟောပြောမှု စစခြင်းမှာပဲ ... ဟေ့.... လို့ မိုက်ကရိုဖုန်းထဲက အကျယ်ကြီး ကြားလိုက်ရတဲ့ ဆရာ့အသံကို တချို့တွေလည်း လန့်သွားကြပါသေးတယ်။ တိတ်ဆိတ်မှုကို အဲသလို ရုတ်တရက် ဖောက်ခွဲမှုနဲ့ ပရိတ်သတ်ရဲ့ အာရုံစူးစိုက်မှုကို ဆွဲယူလိုက်တာ ကိုကလည်း ကဗျာ တပုဒ်လိုပါပဲ။ ရွတ်ပြတဲ့ ကဗျာတွေထဲမှာ ဆရာဇော်ဂျီရဲ့ - ထလော့ မြန်မာ အို.. မြန်မာတို့... အစချီတဲ့ - တို့တိုင်းပြည် - ကဗျာလည်း ပါပါတယ်။ ဖု ထစ် ရွတ် တွ ငှက် ဠင်းတ သို့ ... အစချီတဲ့ - ပျဉ်းမငုတ်တို - ကဗျာလည်း ပါပါတယ်။

ဆရာအောင်ဝေး ဟောပြောရင်း အမေရိကန် သမတ ဂျွန်အက်ဖ်ကနေဒီရဲ့ သမတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ အမေရီကန် ကဗျာဆရာကြီး Robert Frost ကို ဖိတ်ကြားပြီး Stopping By Woods ဆိုတဲ့ သူအင်မတန် ကြိုက်တဲ့ ဆရာကြီးရဲ့ ကဗျာကို ဆရာကြီး ကိုယ်တိုင် ရွတ်ဆိုပြပေးဖို့ မေတ္တာရပ်ခံခဲ့ကြောင်း... ဆရာကြီးကလည်း အသက် ၈၀ ကျော် ဖြစ်နေလို့ သူ့ကဗျာတွေကို မမှတ်မိတော့လို့ ကဗျာကို စာရွက်မှာ ရေးပြီး ဖတ်ကြားကြောင်း.... ဖတ်နေရင်း ကဗျာရဲ့အဆုံးပိုဒ် အရောက်မှာ လေကတိုက်ချလိုက်လို့ စာရွက် လွင့်ပါသွားတဲ့အခါ ဆရာကြီးခမျာ ဆက်မဖတ်နိုင်ဖြစ်နေချိန်မှာ သမတသစ် ဂျွန်အက်ဖ်ကနေဒီ အပါအ၀င် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်လာသူတွေက မတ်တတ်ထရပ်ကြပြီး ကဗျာရဲ့ ကျန်တဲ့ အပိုဒ်ကို အတူတကွ ရွတ်ဆိုပေးကြကြောင်း... နောက်တခါ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ၀န်ကြီးချုပ်ဖြစ်တဲ့ နေရူး သေဆုံးချိန်မှာလည်း သူခေါင်းအုံးအောက်က ခေါက်ရိုးကျေနေတဲ့ စာရွက်ခေါက်လေးတခု တွေ့ရကြောင်ူ.... ဖွင့်ကြည့်တဲ့အခါ Robert Frost ရဲ့ Stopping By Woods ကဗျာ ဖြစ်နေကြောင်း .... ကဗျာ တပုဒ်ကို ကမ္ဘာကျော် နိုင်ငံခေါင်းကြီး နှစ်ဦးက ကြိုက်နှစ်သက်နေတဲ့ အကြာင်းကို စိတ်ဝင်စားဖွယ် ဟောပြောသွားခဲ့ပါတယ်။

အားလုံးဖတ်နိုင်အောင် ကျနော် ဒီမှာ ဖော်ပြပေးလိုက်ပါတယ်။

Stopping by Woods on a Snowy Evening

Whose woods these are I think I know.
His house is in the village, though;
He will not see me stopping here
To watch his woods fill up with snow.

My little horse must think it queer
To stop without a farmhouse near
Between the woods and frozen lake
The darkest evening of the year.

He gives his harness bells a shake
To ask if there is some mistake.
The only other sound's the sweep
Of easy wind and downy flake.

The woods are lovely, dark, and deep,
But I have promises to keep,
And miles to go before I sleep,
And miles to go before I sleep.

Robert Frost

ဆရာအောင်ဝေးရဲ့ ဟောပြောမှု အဆုံးသပ်အဖြစ် နောက်ဆုံးရွတ်ပြတဲ့ ကဗျာကတော့ ဆရာမောင်သာရ ဟောပြောမယ့် ခေါင်းစဉ်ဖြစ်တဲ့ နာမည်နဲ့ တထပ်တည်း သွားဖြစ်နေပါသေးတယ်။

နာမည်

ကျနော့်သားက မေးတယ်။

‘ကြယ်တွေမှာ
နာမည်ရှိသလားဖေဖေ’ တဲ့။

မြစ်ကမ်းနဖူးမှာ
ထိုင်တဲ့ည
သားက
ကောင်းကင်ကိုငုံ့ ကြည့်နေတယ်။

ကျနော်က
ကြယ်တွေတလက်လက်ထ
ရေစီးထဲငေးလို့ ။

အေး ...
မတော်တဲ့ကြယ်တွေမှာ
နာမည်မရှိဘူး
တော်တဲ့ကြယ်တွေကျတော့
... ... ... ...
... ... ... ...။

အဲ့ဒီလို အဲ့ဒီလို
ကြယ်တလုံးချင်းစီရဲ့ နာမည်
ကျနော်ပြောပြ။

ဖေဖေ ... ဒါဆိုရင်
ကမ္ဘာပေါ်မှာ
သားနာမည်နဲ့ ကြယ်လည်း
ရှိမှာပေါ့နော်။

ကျနော် သားကိုပြုံးကြည့်ရင်း
ခေါင်းညိတ်ပြတော့
သားကပျော်သွားပြီး
ကျနော့် မျက်လုံးထဲမှာ
သူ့ နာမည်နဲ့ ကြယ်ကို
ရှာတွေ့ သွားတယ်။

သားက ဖအေထက်
ပိုပြီးတော်ရမယ် မဟုတ်လား။

ကျနော်က သားကိုထမ်းလို့ 
ကျနော့်ကို
မြစ်ကမ်းပါးကထမ်းလို့ 
အိမ်ပြန်လာတဲ့လမ်းမှာ
ခေတ်ကလည်း
စီးတုန်းပါ။

ဖအေ နဲ့ သား
လွမ်းမိတဲ့ တရားမှာ
နာမည်တွေလည်း
စီးဆင်းနေတုန်းပေါ့။ ။

အောင်ဝေး
(၁၉၉၉)

ဆရာအောင်ဝေး ဟောပြောမှု အပြီးမှာတော့ စာပေဟောပြောပွဲကို တက်ရောက်လာသူတွေအတွက် ကျွေးမွေးမှု အစီအစဉ်ပါ။ ကောက်ညှင်းပေါင်း၊ စမူဆာသုပ်နဲ့ လဘက်ရည်ကို စပေဟောပြောပွဲကို ရောက်လာတဲ့ လူတရာကျော်လောက် တန်းစီပြီး သုံးဆောင် ကြပါတယ်။ တန်းစီနေရင်းနဲ့ကျနော်နဲ့ ရှေ့ဆင့်နောက်ဆင့် ဖြစ်နေတဲ့ ဆရာမောင်ရစ် (မိုးမခ)က မိုးမခ မီဒီယာ ဇာနယ်ဇင်းအဖွဲ့က ထုတ်ဝေတဲ့ စာအုပ် ၂ အုပ်ကို သူကိုယ်တိုင် လက်မှတ်ထိုးပြီး အမှတ်တရ လက်ဆောင် ပေးသွားပါသေးတယ်။

သည့်နောက်မတော့ ဆလိုင်းလော်မာက ဆရာမောင်သာရရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို ဖတ်ကြားအပြီးမှာတော့ ဆရာ မောင်သာရကို - နာမည် (နံမည်) - ဟောပြောဖို့စင်မြင့်ပေါ်ကို ဖိတ်ခေါ်လိုက်ပါတယ်။



ဆရာဟောပြောတာကတော့ လူနံမည်ကို ဖတ်လိုက်တာနဲ့ ဘယ်နေ့မှာ မွေးတယ်လို့ တန်းပြောနိုင်တဲ့ တကမ္ဘာလုံးမှာ မရှိတဲ့ မတွေ့ဘူးတဲ့ ဗမာ့ရိုးရာ အမည်ပေးတဲ့ စနစ်ကို ဆက်လက်ထိန်းသိမ်းကြဖို့.... ကိုယ့်သားသမီးတွေကိုလည်း အဲသလို အမည် ပေးကြဖို့ တိုက်တွန်းပါတယ်။ အမည်ပေးပုံကိုလည်း လိုက်မှတ်ဖို့ စာရွက်နဲ့ ခဲတံတွေ လိုက်ဝေပေးပါသေးတယ်။ ကျနော့် အထင်တော့ အားလုံးလိုလို သိပြီးသား ဖြစ်မှာပါ။ မသိကြသူများရှိရင် သိရအောင် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

က ခ ဂ ဃ င - တနင်္လာ = ၂
စ ဆ ဇ စ် ည - အဂၤါ = ၃
တ ထ ဒ ဓ န - စေန = ၇
ပ ဖ ဘ ဗ မ - ၾကာသပေတး = ၅
ယ ရ လ ၀ - ဗုဒၶဟူး = ၄
သ ဟ - သောကြာ = ၆
အ - တနင်္ဂနွေ = ၁

နောက်တခု ဆရာမောင်သာရ ဆက်လက် ဟောပြောတာကတော့ မိဘ ၂ ပါးရဲ့ မွေးနေ့ ၂ ခု ကိုပေါင်း ... ပေါင်းလို့ ရတဲ့ ဂဏန်းက မ ဂဏန်း ဖြစ်ရင် သားဦးက ယောက်ျားလေး ဖြစ်မယ်... စုံ ဂဏန်း ဖြစ်ရင် သားဦးက မိန်းကလေး ဖြစ်မယ်... ၉၉ ရာခိုင်နှုန်း မှန်ရမယ်။ အဲတာ မြန်မာ့နည်း ဘယ်မှာမှ မရှိတဲ့ အကြောင်းလည်း မှတ်သားရပါသေးတယ်။ စာပေဟောပြောပွဲတက်လာတဲ့ သူတွေလည်း ပွစိပွစိနဲ့ အားလုံးလိုလို တွက်ချက် ကုန်ကြပါတယ်။ ကျနော် တွက်ကြည့်တော့လည်း .... ဟာ ... မှန်သဟ... ဖြစ်သွားပါတယ်။

ဆရာကတော့ ဒုတိယကလေးကို တွက်ချင်ရင်လည်း မိဘ ၂ ပါးရဲ့ မွေးနေ့နဲ့ သားဦးရဲ့မွေးနေ့ကို ပေါင်း ... ပေါင်းလို့ ရတဲ့ ဂဏန်းက မ ဂဏန်း ဖြစ်ရင် ယောက်ျားလေး ဖြစ်မယ်... စုံ ဂဏန်း ဖြစ်ရင် မိန်းကလေး ဖြစ်မယ်...၇၅ ရာခိုင်နှုန်း မှန်ရမယ်လို့ ပြောပါသေးတယ်။ ဆရာ့မှာလည်း သားသမီး ၈ ယောက်ရှိတဲ့ အကြောင်း... နဲ့ အဲသည်နည်းအတိုင်း ရာနှုန်းပြည့် မှန်ကြောင်း ပြောပါသေးတယ်။ ဒါနဲ့ ကျနော် ထပ် တွက်ကြည့်တော့လည်း .... ဟာ ... မှန်သဟ... ထပ် ဖြစ်သွားပါတယ်။ ကျနော့်မှာက သား ၃ ယောက် ရှိတာကိုး...။

ဆရာမောင်သာရ ဟောပြောမှုအပြီးမှာတော့ ဆရာကြီးတွေကို ဥာဏ်ပူဇော်ခ ချီးမြှင့်ကြတဲ့ အစီအစဉ် ဖြစ်ပါတယ်။







အဲသည်နောက်မှာတော့ စာဖတ်ပရိသတ်နဲ့ ဆရာကြီးများရဲ့ ရေးသူ ဖတ်သူ ဆွေးနွေးပွဲပါ။ မေးသမျှကို ဆရာကြီးတွေ အားလုံးက စိတ်ရှည်စွာ အကျယ်တ၀င့် ရှင်းလင်း ဖြေကြားပေးကြပါတယ်။

နောက်ဆုံး အစီအစဉ်ဖြစ်တဲ့ အခမ်းအနားဖြစ်မြောက်ရေးအတွက် ကြွရောက် ချီးမြှင့်ဟောပြောပေးကြတဲ့ ဆရာကြီးများ၊ ၀ိုင်းဝန်း ကူညီ ပံ့ပိုးပေးကြသူများနဲ့ ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်စကားကို LA Organisers အဖွဲ့က ကိုသူရထွန်းမော်က ပြောကြားပါတယ်။



ည ၈ နာရီကျော်အကြာမှာတော့ အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာလိုက်ပါတယ်။



အခမ်းအနားပြီးတော့ ညကလည်း မှောင်နေပြီဖြစ်လို့ ကျနော်လည်း အိမ်ကို ပြန်မမောင်းတတ်တာနဲ့ သူငယ်ချင်းဖြစ်တဲ့ ကိုညီညီအောင်ကို ကားသော့ပေးပြီး သူ့ကိုပဲ မောင်းခိုင်းရပါတယ်။