Showing posts with label ။. Show all posts
Showing posts with label ။. Show all posts

Monday, August 10, 2009

Los Angeles၂၁ နှစ်မြောက် ၈လေးလုံး အထိမ်းအမှတ် အခမ်းအနား


၂၁ နှစ်မြောက် ၈လေးလုံး ပြည်သူ့ အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားကို အယ်အေမြို့ လပွန်းတီ အရပ်ရှိ မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ကျင်းပခဲ့ရာ စိတ်ဝင်စားသူများ အများအပြား တက်ရောက်ခဲ့ ကြပါသည်။


ပထမပိုင်း အစီအစဉ်အရ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်များက ၈ လေးလုံးအရေးတော်ပုံနှင့် ဒီမိုကရေစီ ကြိုးပမ်းသည့်ကာလအတွင်း အသက်ပေးကြသွားခဲ့သော အာဇာနည်များအား အမျှပေးဝေ ဆုတောင်းခြင်းကို ဗုဒ္ဓဘာသာ ထုံးစံအတိုင်းပြုလုပ်ပေးပါသည်။


ဆရာတော်ကြီးများအား နေ့ ဆွမ်းကပ်လှုပြီးနောက် အခမ်းအနားသို့ တက်ရောက် လာကြသော ဧည့်သည်များ အား နေ့ လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။


ထို့ နောက် ၈လေးလုံး အထိမ်းအမှတ် အခမ်းအနား အဖွင့်စကားကို LA Organizers အဖွဲ့ မှ ကိုပြေငြိမ်းက ပြောကြားခဲ့ပါသည်။


မြန်မာပြည် လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးများ ရရှိအောင် ကြိုးပမ်းခဲ့ကြသော တိုက်ပွဲများအတွင်း ကျဆုံးသွားခဲ့ကြသော အာဇာနည် သူရဲကောင်းများအား ဂုဏ်ပြုသည့်အနေဖြင့် တမိနစ်ငြိမ် ဂုဏ်ပြုငြိမ်သက်ပေးကြပါသည်။ ထို့ နောက်နိုင်ငံတော်သီချင်းကို သံပြိုင် သီဆိုခဲ့ကြပါသည်။


ခရစ်ယန်ဘာသာဖြင့် ဆုတောင်းခြင်းကို သိက္ခာတော်ရ တရားဟောဆရာ ဆရာဒေးဗစ်ပေါ က ခရစ်ယန် ဘာသာထုံးစံအတိုင်း ဆုတောင်းပေးပါသည်။


ထို့ နောက် အစ္စလမ်ဘာသာဝင် ကိုမျိုးမြင့်အောင် ၈ လေးလုံးအတွေ့ အကြုံနှင့်ဘာသာရေးခွဲခြား နှိပ်ကွပ်မှု အကြောင်းကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။


၈ လေးလုံးနေ့  ရန်ကုန်မြို့ အတွေ့ အကြုံ၊ စက်တင်ဘာ ၁၉ အာဏာသိမ်း ပစ်ခတ်မှုနှင့် ၈၈ မျိုးဆက် ကျောင်းသားများအကြောင်းကို ကိုသူရ ကတင်ပြဆွေးနွေးခဲ့သည်။


ထို့ နောက် ကိုဖုန်းရောင်ဦးက ၈လေးလုံးည အပြစ်မဲ့ကျောင်းသူပြည်သူများ သွေးမြေခခဲ့ရပုံ ကိုယ်တွေ့ ဖြစ်ရပ်ကို ပြန်ပြောင်းပြောပြခဲ့သည်။



ထို့ နောက် ကိုမင်းကိုနိုင်ရဲ့ သစ္စာကဗျာကို ကိုမိုးကျော်ပြည်စိုးက ဖတ်ကြားပြီး ကိုမင်းကိုနိုင်ရေးစပ်ပြီး ကိုမွန်းအောင်သီဆိုသော သွေးမုန်တိုင်းသီချင်းကို ဖွင့်လှစ်ဂုဏ်ပြုပါသည်။


ထို့  နောက် တက်ရောက်လာသူများအား အခမ်းအနားစီစဉ်သူများကိုယ်စား ကျေးဇူးတင်စကားကို L.A. Organizers အဖွဲ့ မှ ကိုမော်ကြီးက ပြောဆိုပေးပါသည်။


အခမ်းအနားသို့ တက်ရောက်လာသူများ အမှတ်တရ


အယ်အေရှိ လက်ရှိကျောင်းတက်နေသော မျိုးဆက်သစ်ကျောင်းသားများနှင့်
၈၈ မျိုးဆက်ကျောင်းသား များအမှတ်တရ


ဓါတ်ပုံ။ ။ ကိုမျိုး (L.A. Organizers 4 Burma)