Showing posts with label l. Show all posts
Showing posts with label l. Show all posts

Monday, December 6, 2010

အမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ (Los Angeles)

ကိုပြေငြိမ်းက ပရိသတ်များအား အခမ်းအနား အဖွင့်စကား ပြောကြားနေစဉ်


ခက်မာ (ခံစားမှုကိုမျှဝေခြင်း)


မောင်စွမ်းရည် (ရာပြည့် စာရေးဆရာကြီးများ)


ကိုသူရ၊ ကွယ်လွန်သူအမျိုးသားနိုင်ငံရေးခေါင်းဆောင် သခင်လွင်၏ ဇနီးသည် ဒေါ်မြင့်မြင့်လွင်၊
သားဖြစ်သူ ဒေါက်တာဇော်ဝင်းလွင်တို့ အား အခမ်းအနားတွင် အမှတ်တရတွေ့ ရစဉ်


အခမ်းအနားခေတ္တရပ်နားစဉ် အကျွေးအမွေးဖြင့် ဧည့်ခံစဉ်


ကိုဇော်မင်းအောင်က ဆရာမမေငြိမ်း ကိုယ်ရေးအကျဉ်း ဖတ်ကြားစဉ်


မေငြိမ်း (လူငယ်နှင့်အနုပညာ)


တက်ရောက်နားဆင်သူ စာပေ၀ါသနာရှင် ပရိတ်သက်များ


ဦးဝင်းဖေ၏ကိုယ်ရေးအကျဉ်းကို ဖတ်ကြားနေသည့် မကေသီ


ဝင်းဖေ (စာပေနှင့် အနုပညာ)


သရုပ်ဆောင်မေယုနှင့်အတူတကွ


အခမ်းအနားမှူးမနီလာစိန်နှင့်... ကိုမော်ကြီးရဲ့ ကျေးဇူးတင်စကား


အခမ်းအနားအပြီးအမှတ်တရ


ဆရာ၊ ဆရာမများအား နှုတ်ဆက်ညစာတည်ခင်းနေစဉ်

နှစ်စဉ်ကျင်းပမြဲဖြစ်သော LA မြို့ အမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို Monterey Park မြို့ နယ် အောင်ဇေခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ LA မြို့ ၏ လေးကြိမ်မြောက် စာပေဟောပြောပွဲဖြစ်သည့် ဤအခမ်းအနား သို့ LA, Arizona ပြည်နယ်တို့ မှ စာပေ၀ါသနာရှင်ပေါင်း ၂၀၀ ခန့် တက်ရောက် နားဆင်ခဲ့ပါသည်။ အခမ်းအနား မှူးအဖြစ် မန္တလေးရတနာပုံသတင်းစာမှ မနီလာစိန်က ပြုလုပ်ပေးပြီး အခမ်းအနားကို မြန်မာနိုင်ငံတော် သီချင်း ဖြင့် စတင်ဖွင့်လှစ် ခဲ့ပါသည်။ ထို့ နောက် တောင်ပိုင်းကယ်လီဖိုးနီးယား မြန်မာအသင်း ဥက္ကဌ ဒေါက်တာ ဇော်ထွန်းက ဟောပြောမဲ့ ဆရာ၊ ဆရာမများနှင့် တက်ရောက်နားဆင်သူများအား ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ထို့ နောက် LA Organizers အဖွဲ့ မှ ကိုပြေငြိမ်းက အခမ်းအနားအဖွင့်စကား ပြောကြား ပါသည်။ ထို့ နောက်ပထမဆုံး ပြောကြားမည့် ဆရာမခက်မာကိုယ်ရေးအကျဉ်းချုပ်ကို ဒေါက်တာအောင်မျိုးသန့်  က ဖတ်ကြားပေးပါသည်။ ထို့ နောက်ဆရာမခက်မာက ̏ ခံစားမှုကိုမျှဝေခြင်း˝ ခေါင်းစဉ်ကို ပြောကြားပါသည်။ ခက်မာက သူ့ အား စစ်အစိုးရက ဖမ်းဆီးဖို့ လာခေါ်စဉ် သူမရဲ့အဖွားက စိတ်ထိခိုက်ပြီး ဆုံးပါးသွားပုံ၊ မေတ္တာ တရားထွန်းကားသော မြန်မာပြည်တွင် မေတ္တာတရားကင်းမဲ့လာပုံများကို ဟောပြောသွားခဲ့ ပါသည်။ ဆရာမ ခက်မာ အစီအစဉ်ပြီးနောက် ဒုတိယဟောပြောမည့် ဆရာမောင်စွမ်းရည်၏ ကိုယ်ရေး ရာဇ၀င် ကို မရှင်းရှင်းက ဖတ်ကြားပေးပါသည်။ ထို့ နောက်ဆရာမောင်စွမ်းရည်က ̏ ရာပြည့်စာရေး ဆရာကြီးများ˝ ခေါင်းစဉ်ကို ဟောပြောပါသည်။ ယခင်တခေတ်က စာရေးဆရာကြီးများ၏ ဟာသဖြစ်စရာ အကြောင်းများကို ဟောပြောခဲ့ သည့်အပြင် လက်ရှိမြန်မာနိုင်ငံနိုင်ငံရေးအကြောင်းများ၊ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံနှင့် အမျိုးသားနေ့ ကို မမေ့ မလျော့အထိမ်းအမှတ် ကျင်းပပြုလုပ်သည့် LA မြို့ ကိုပါ ကျေးဇူးတင်ကြောင်း ပြောကြားသွားပါသည်။ ထို့ နောက် အခမ်းအနားကို ခေတ္တရပ်နားပြီး ပရိတ်သက်များအား ကြာဇံကြော်၊ ကောက်ညှင်းပေါင်း၊ စမူဆာ၊ လက်ဖက်ရည် တို့ ဖြင့် ကျွေးမွေးပါသည်။

အခမ်းအနားဒုတိယပိုင်းကို အမိမြန်မာပြည်လွတ်လပ်ရေး၊ တရားမျှတရေး၊ ဒီမိုကရေစီရေး၊ လူ့ အခွင့်အရေး၊ တန်းတူရေး၊ အမျိုးသားရေး… တိုက်ပွဲ အသီးသီးတွင်ကျဆုံးသွားခဲ့ကြသော စာရေးဆရာများ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည်များကို တမိနစ်ငြိမ်သက် ဂုဏ်ပြုခြင်း ဖြင့် စတင်ခဲ့ပါသည်။ ထို့ နောက် ဆရာမ မေငြိမ်း၏ကိုယ်ရေးအကျဉ်းကို ကိုဇော်မင်းအောင် ကဖတ်ကြားပေးပါသည်။ ထို့ နောက် မေငြိမ်းက ̏ လူငယ်နှင့် အနုပညာ˝ ခေါင်းစဉ်ကို ဟောပြောရာတွင် မြန်မာပြည်တွင် လူငယ်များမှာ လွတ်လပ်စွာ တွေးခေါ် စဉ်းစားမှု မရှိတော့ဘဲ အလွတ်ကျက်ပညာရေး စနစ်တွင် မျောပါနေရပုံ၊ လူငယ်များမှာ အနုပညာကို လွတ်လပ်စွာ ဖန်တီးနိုင်မှုမရှိဘဲ ခေတ်ကာလ ကိုမျှောကာ လိုက်နေရပုံများကို သဘာဝကျကျ ဟောပြောသွားခဲ့သည်။ ထို့ နောက် စွယ်စုံရဆရာ ဦးဝင်းဖေ၏ကိုယ်ရေးအကျဉ်းကို မကေသီက ဖတ်ကြား ပေးခဲ့ပါသည်။ ဦးဝင်းဖေက သူ၏ဟောပြောမှုအစမှာ စာပေဟောပြောပွဲမှာ အမျိုးသားနေ့ အထိမ်းအမှတ် ဖြစ်သော်လည်း ဖတ်ကြားရမည့် ခေါင်းစဉ်ကို မကန့် သတ်သဖြင့်ကျေးဇူးတင်ကြောင်းဖြင့် စတင်ဟောပြော ပါသည်။ ဦးဝင်းဖေမှာ ၀ါရင့် ပါရမီရှင် အနုပညာသည်တဦးဖြစ်သည့်အားလျော်စွာ သူ၏ဟောပြောမှု တလျောက်လုံး ပရိတ်သက်ကို သူနဲ့ တပါတည်း ဆွဲဆောင်ခေါ်ယူသွားပါသည်။ သီချင်းများကိုလည်း တီးလုံးမပါပဲ သံစဉ်အလိုက်ကျစွာ သီဆိုသွားပုံကိုက ပရိသက်ကို အကြိုက်တွေ့ စေပါသည်။

အစီအစဉ်အဆုံးသတ်အဖြစ် LA Organizers အဖွဲ့ မှ ကိုမော်ကြီးက ဤအခမ်းအနားဖြစ်မြောက်ရေး အတွက် လာရောက်ဟောပြောသည့် ဆရာ၊ ဆရာမများ၊ စပွန်စာများ၊ အခမ်းအနားကို အစမှအဆုံးထိ ပုံဖော် ကူညီကြ သူများ၊ လာရောက် နားဆင်ကျသူများအား ကျေးဇူးတင်ကြောင်း ပြောကြားပါသည်။ ထို့ နောက် LA Organizers အဖွဲ့ မှ ကိုသူရက ဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်ဆောင်ငွေများကို ပေးအပ်မှုကို စီစဉ်ပြုလုပ်ပေးပါသည်။ သွားဖက် ဆိုင် ရာဆရာဝန်များ၊ မန္တလေးရတနာပုံ သတင်းစာ၊ LA Organizers အဖွဲ့ အသီးသီးက ဂုဏ်ပြု လက်ဆောင်ငွေများ အသီးသီးပေးအပ်ခဲ့ကာ အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးစေခဲ့ပါသည်။

LA Organizers အဖွဲ့ က မြန်မာပြည်၏အရေးကြီးသော နေ့ ထူးနေ့ မြတ်များကို အခမ်းအနားများပြုလုပ်ခြင်းဖြင့် နှစ်စဉ် မပျက်မကွက် ဂုဏ်ပြုလျက်ရှိသည်။ ပြီးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နှင့် မြန်မာ့အမျိုးသမီးများ နေ့ အခမ်းအနားတွင် မြန်မာပြည်တွင်း ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူ အမျိုးသမီး ၂၀ ဦးအားဂုဏ်ပြု ထောက်ပံ့ကြေး ပံ့ပိုးပေးခဲ့သည်။ အလားတူပင် ၈ လေးလုံးပြည်သူ့ အရေးတော်ပုံနေ့ အထမ်းအမှတ် အခမ်းအနားတွင်လည်း မတရားဖမ်းဆီးအကျဉ်းကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသူကျောင်းသား ၂၀ ဦးအား ဂုဏ်ပြုထောက်ပံ့ကြေး ပံ့ပိုးပေးခဲ့သည်။ ပြည်တွင်းတွင် ဖိနှိပ်မှုများကို မကြောက်မရွံ့ တွန်းလှန်နေကြ သော ပြည်သူများနှင့်တသားတည်းဖြစ်ပြီး သူရဲကောင်းအာဇာနည်များကိုလည်း မည်သည့်အခါမှ မေ့ပျောက် လိမ့်မည်မဟုတ်ကြောင်း LA Organizers for Burma အဖွဲ့ မှ ဦးဆောင်သူတဦးက အာဏာပိုင်များ၏ မတရား ခွဲခြားချုပ်ချယ်သည့်ပညာရေးဥပဒေများကို စတင်သပိတ်မှောက်၍ ဖြစ်ပေါ်လာသော အမျိုးသားနေ့ အခမ်းအနား တွင် ပြောကြားသွားခဲ့သည်။