Tuesday, June 9, 2009
Monday, June 8, 2009
64 For Suu

ယခုလာမည့် ဇွန်လ ၁၉ ရက်နေ့သည် မြန်မာပြည်သူလူထု အားလုံး၏ လူထုခေါင်းဆောင် ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ဖြစ်ပေသည်။ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး အတွက် ရည်ရွယ်ပြီး လှုပ်ရှားမှုတခု အနေဖြင့် ၆၄ နှစ်မြောက် မွေးနေ့ကို ၂၀၀၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် La Puente မြို့ 710 S Grandview Lane ရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း၌ LA Organizers 4 Burma အဖွဲ့က ဦးစီးကာ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ တရားမဲ့ ဖမ်းဆီးခံရသည့်အပြင် တဘက်သပ် တရားစွဲဆို ခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် လွတ်မြောက်ရေးကို ရည်စူးသည့်အနေဖြင့် Happy Birthday အစား 64 For Suu ဟု ခေါ်ဝေါ်သုံးစွဲသွားမည် ဖြစ်ပါသည်။ အစီအစဉ် အသေးစိပ်ကို မကြာမီ ကြေငြာမည်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား ချစ်ခင် လေးစား သူများနှင့် စိတ်ပါဝင်စားသူများ မည်သူမဆို အတူတကွ လာရောက် ဆင်နွှဲကြပါရန် နှိုးဆော် လိုက်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြပွဲ အယ်လ်အေတွင် ပြုလုပ်
နအဖ စစ်အုပ်စုက အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခြင်းကို တရားမဲ့ ခံခဲ့ရပြီး ယခု ၂၀၀၉ ခုနှစ် မေလ ၃၀ ရက်နေ့ တွင် အကျယ်ချုပ်မှ လွှတ်ပေးရမည့် အစား နေအိမ်မှ အင်းစိန် ထောင်သို့ ပို့ဆောင်ခြင်း ခံရကာ တဖက် သပ် တရားစွဲဆိုခြင်း ခံနေရ သည့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရည်ရွယ်သော ဆန္ဒပြပွဲတရပ်ကို LA Organizers 4 Burma အဖွဲ့က ဦးဆောင်ကာ ၂၀၀၉ ခုနှစ် ဇွန်လ ၇ ရက် နေ့တွင် လော့စ်အိန်ဂျယ်လိစ်မြို့၏ ကမ္ဘာကျော် ဟောလိဝုဒ်လမ်း (Hollywood Boulevard) ပေါ်ရှိ Kodak Theater ရှေ့ တွင် ညနေ ၄ နာရီမှ ၆ နာရီ အထိ ၂ နာရီ ကြာ ပြုလုပ်ခဲ့သည်။ ထို ဆန္ဒပြပွဲသို့ အယ်လ်အေနှင့် အနီးအနားရှိ မြို့များမှ မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ၄င်းတို့၏ မိသားစုဝင်များ အတူတကွ လာရောက် စုရုံးကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တက်တက်ကြွကြွ တောင်းဆို ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် မြန်မာ့အရေးကို စိတ်ဝင်စားသော အမေရိကန် နိုင်ငံသားများ ကလည်း ပါဝင်ပူးပေါင်း ဆန္ဒပြခဲ့ကြသည်။
Tuesday, June 2, 2009
Sunday, May 31, 2009
ဒေါ်အောင်ဆန်းစုကြည်အတွက် ဘာသာပေါင်းစုံဆုတောင်းပွဲ
နအဖ စစ်အုပ်စုက အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခြင်းကို တရားမဲ့ ခံခဲ့ရပြီး ယခု ၂၀၀၉ ခုနှစ် မေလ ၃၀ ရက်နေ့ တွင် အကျယ်ချုပ်မှလွှတ်ပေးရမည့် အစား နေအိမ်မှ အင်းစိန် ထောင်သို့ ပို့ဆောင်ခြင်း ခံရကာ တဘက်သပ် တရားစွဲဆိုခြင်း ခံနေရ သည့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ဘာသာ ပေါင်းစုံ ဆုတောင်း မေတ္တာ ပို့ပွဲ တရပ်ကို LA Organizers 4 Burma အဖွဲ့က ဦးစီးကာ La Puente မြို့ 710 S Grandview Lane ရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း တွင် ၂၀၀၉ ခုနှစ် မေလ ၃၁ ရက် တနင်္ဂနွေနေ့က ညနေ ၆ နာရီမှ ၉ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ်ရှိ LA နှင့် အနီး တ၀ိုက်ရှိ မြို့များမှ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် လေးစား ကြသော ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ အစ ရှိသည့် ဘာသာဝင်ပေါင်းစုံ မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ၄င်းတို့၏ မိသားစုဝင်များ လာရောက် စုရုံးကာ အတူတကွ ဆုတောင်း မေတ္တာပို့သခဲ့ကြသည်။
ဒီမိုကရေစီရရှိရေးတိုက်ပွဲစဉ် တလျှောက်လုံးတွင် အသက်ပေးလှူခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည်အပေါင်းအား တမိနစ် ငြိမ်သက်ခြင်းဖြင့် ဦးညွှတ် အလေး ပြုကာ အခမ်းအနားကို စတင်ခဲ့ပြီး LA Organizers 4 Burma အဖွဲ့၏ ဦးဆောင်သူ တဦး ဖြစ်သည့် ကိုပြေငြိမ်းက ကျေးဇူးတင် စကားနှင့် အမှာ စကား ပြောကြားခဲ့သည်။
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်က ဗုဒ္ဓဘာသာထုံးစံအရ ငါးပါး သီလ ပေးပြီးနောက် ဒေါ်ဆောင်ဆန်းစုကြည် အပါအ၀င် မြန်မာပြည်သူပြည်သား တရပ်လုံး ဘေး အန္တရာယ် ကင်းရှင်းစေရေး အတွက် မေတ္တာသုတ်လာ မေတ္တာပွားနည်း (၁၁) နည်းကို သုံးကြိမ် စုပေါင်း ရွတ်ဆိုကြပြီး ဆုတောင်းကြသည်။ ထို့နောက် အစ္စလာမ်ဘာသာ ထုံးစံအရ ဆုတောင်းခြင်းကို ဆရာ ဟာဂျီဇော်မင်းထွန်းက ဦးဆောင် ဆုတောင်းခဲ့ပြီး ခရစ်ယာန်ဘာသာ ထုံးစံအရ သိက္ခာတော်ရဆရာ ဦးသန်းဦးက သမ္မာကျမ်းစာလာ ကျမ်းချက်အချို့ကို ဖတ် ကြားပြီး ဆုတောင်းခဲ့သည်။ ဆုတောင်းခြင်းများ ပြီးဆုံးသည့်အခါ ဒေါ်အောင်ဆန်းစုကြည် အတွက် “မသဒ္ဒါ” ရေးသားခဲ့သည့် “ကျမ ပြစ်မှု မကျူးလွန်ဘူး” ဟူသည့် ကဗျာကို မလေးနိုင်အိက ခံစားချက်အပြည့်ဖြင့် ရွတ်ဆိုသွားခဲ့သည်။ ထို့နောက် LA Organizers 4 Burma အဖွဲ့၏ ဦးဆောင်သူတဦးဖြစ်သည့် ကိုသူရထွန်းမော်က ကျေးဇူးတင် စကား ပြောကြားခဲ့သည်။
စုပေါင်းဆုတောင်းနေကြစဉ်
ဆုတောင်းပွဲသို့ တက်ရောက်လာကြသူများ
Photo Credit: Maung Myo Naing
Thursday, May 28, 2009
Subscribe to:
Posts (Atom)


