Friday, August 8, 2008

အယ်လ်အေ ၈-၈-၈၈ အောက်မေ့ဖွယ် အခမ်းအနား











၈ လေးလုံး အနှစ် ၂၀ ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို အယ်အေမြို့ ရှိ လပွန်းတီဘုန်းကြီးကျောင်း၌ သြဂုတ်လ ၃ ရက် (တနင်္ဂနွေနေ့ ) တွင် မနက် ၁၀ နာရီမှ နေ့ လည် ၂ နာရီထိ ကျင်းပခဲ့ရာ လူပေါင်း ၅၀၀ ခန့် စည်ကားစွာ တက်ရောက် ခဲ့ကြသည်။ လွန်ခဲ့သောအနှစ် ၂၀ ကြာက ၈လေးလုံးအရေးတော်ပုံအတွင်းမှာ ကျဆုံးသွားသောသူများကို ရည်စူး၍ ဘုန်း တော်ကြီး ၄ ပါးကို ဆွမ်းကပ်လှူဒန်းခဲ့ရာ ဘုန်းတော်ကြီးများက သေဆုံးသွားသူများကို ရည်စူး၍ ဆုတောင်း အမျှပေးဝေ ခဲ့ သည်။ ထို့ နောက် ဧည့်ပရိတ်သတ်များအား မုန့် ဟင်းခါးဖြင့် ဧည့်ခံ ကျွေးမွေးခဲ့သည်။ အခမ်းအနား၌ United Arts Students အုပ်စုက ၈ လေးလုံး statement ဖတ်ကြားခြင်း၊ NLD အင်္ဂပူ လွှတ်တော် ကိုယ်စားလှယ် ဦးမြ၀င်းက အမှတ် တရ စကားပြောကြားခြင်း၊ စစ်ကိုင်းအရေးအခင်းနှင့်ပတ်သက်၍ ကိုခင်မောင်ရွှေက ပြန်ပြောင်းပြောပြခြင်းများ ပြုလုပ်ခဲ့ကြသည်။ တက်ရောက်လာသောပရိတ်သတ်များကလည်း ရန်ပုံငွေအဖြစ်ရောင်းချသော အမှတ်တရ ပစ္စည်းများဖြစ်သော ၈ လေးလုံး ကော်ဖီခွက်၊ ကား လိုင်စင် ပလိပ် cover ၊ တီရှပ်နှင့်ဓါတ်ပုံများကို ၀ယ်ယူအားပေးခဲ့ကြသည်။


အခမ်းအနားကို အယ်အေရှိ မြန်မာ့အရေးတက်ကြွသူများဖြင့် ဖွဲ့ စည်းထားသော LA Organizers အဖွဲ့ က ကြီးမှူး ကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး အခမ်းအနားကို ရည်ရွယ်ချက် ၂ ခုဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ပထမရည်ရွယ်ချက်မှာ ၈ လေးလုံး အရေးအခင်းနှင့် ဒီမိုကရေစီတိုက်ပွဲများအတွင်း ကျဆုံးသွားသူများကို ကောင်းရာမွန်ရာရောက်စေရန်အတွက် ဆွမ်းကျွေးအမျှဝေ ဆုတောင်းပေးခြင်းဖြစ်ပြီး ဒုတိယရည်ရွယ်ချက်မှာ ဖိနှိပ်မှုများကြားက ယခုထိ ဆက်လက်၍ တိုက်ပွဲဝင် နေကြသော မြန်မာပြည်သူများကို လေးစားဂုဏ်ပြုသည့်အနေဖြင့် ဒီအောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပခြင်းဖြစ် ကြောင်း LA Organizers အဖွဲ့ က ပြောပြသည်။ အခမ်းအနားတက်ရောက်သူအများစုမှာ ၈လေးလုံး အရေးအခင်း၌ မြန်မာ နိုင်ငံတွင်ရှိနေသူများဖြစ်ပြီး အရေးအခင်းအတွင်းကဖြစ်ပျက်ခဲ့သည်များကို အချင်းချင်းပြန်ပြောင်း ပြောပြခြင်း၊ လက်ရှိ မြန်မာနိုင်ငံအရေးကို အပြန်အလှန် ဆွေးနွေးခြင်းများကြောင့် အခမ်းအနားမှာ ပို၍ အသက်ဝင် စည်ကားခဲ့ကြောင်း သိရပါ သည်။