Tuesday, March 9, 2010

အကယ်ဒမီ မရသော်လည်း....

၂၀၁၀ ခုနှစ်၊ မတ်လ ၇ ရက်နေ့ ...လော့စ်အိမ်ဂျလိစ်မြို့ Kodak theater တွင် ကျင်းပသော ၈၂ နှစ်မြောက် အကယ်ဒမီဆုပေးပွဲတွင် အကောင်းဆုံး Documentary Feature ကဏ္ဍ နောက်ဆုံးစကာတင် ရွေးချယ် ထားခြင်းခံရသော Burma VJ ရုပ်ရှင်ကားအတွက် ဒိန်းမတ်နိုင်ငံသားများဖြစ်သော ဒါရိုက်တာ Anders Ostergaard ၊ ထုတ်လုပ်သူ Lise-Lense Moller ၊ Burma VJ ရုပ်ရှင်တွင်ကိုယ်တိုင်ပါဝင်ခဲ့ကြသော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုမှ ဆရာတော် ဦးပညာဇောတနှင့် ဦးဃောသိတ၊ နော်ဝေးနိုင်ငံ အခြေစိုက် Democratic Voice of Burma (DVB) မှ မန်းနေဂျင်း ဒါရိုက်တာ ကိုအေးချမ်းနိုင်တို့  တက်ရောက် ခဲ့ကြသည်။

Burma VJ အရွေးမခံရပဲ စကာတင် အဆင့်ဖြင့်သာ ကျေနပ်နှစ်သိမ့်ခဲ့ရသည်။ နောက်နေ့ တွင် မန္တလေးဂေဇတ်သတင်းစာနှင့် LA Organizers for Burma အဖွဲ့ မှ ဆရာတော်များအား Golden Triangle မြန်မာစားသောက်ဆိုင်၌ နေ့ ဆွမ်းကပ်လှူခဲ့သည်။ ထို့ နောက်အယ်အေမြို့ တ၀ှိုက် သွားရောက် လယ်ပတ် ပြသခဲ့ပြီး “ပြည်သူ့ သူရဲကောင်း” ဆုကို ပေးအပ်ခဲ့သည်။



ကော်ဇောနီ၊ ရဲရဲတောက်ဘုန်းတော်ကြီးများ၊ ပြည်သူ့ သူရဲကောင်းဆုနှင့် အယ်အေမှ ဒီမိုကရေစီ မိသားစုများ


Tuesday, March 2, 2010

Naw Louisa Benson Craig (သို့ ) တာဝန်ကျေခဲ့သူ တယောက်

၂၀၁၀၊ ဖေဖောဝါရီလ ၂၇ ရက်... Pasadena မြို့ ၊ First United Methodist Church ၌ ပြုလုပ် ကျင်းပသော ကွယ်လွန်သွားပြီဖြစ်သည့် နော်လူဝီဇာဘင်ဆင်၏ Memorial Service အခမ်းအနားသို့  L.A. Organizers များ တခဲနက်သွားရောက် ဂုဏ်ပြုခဲ့ကြသည်။

နော်လူဝီဇာသည် အမေရိကန်နိုင်ငံတွင် နေထိုင် အခြေချနေသည်မှာ ကြာပြီဖြစ်သော်လည်း သူ၏ မွေးရပ် မြေဖြစ်သော မြန်မာပြည်... အထူးသဖြင့် စစ်အစိုးရ၏ ဖိနှိပ်မှုအခံရဆုံး ကရင်ပြည်နဲ့ ကရင်လူမျိုးကို... မည် သည့် အခါမျှ မမေ့ခဲ့ပေ။ သူမသည် မြန်မာပြည်ဒီမိုကရေစီလှုတ်ရှားသူများအတွက် စံပြ အတုယူထိုက်သော အမျိုးသမီးတဦးဖြစ်သည်။ မိမိတို့ L.A. Organizers အဖွဲ့ ဝင်များက နော်လူဝီဇာအား နောက်ဆုံး ဂုဏ်ပြုသော အားဖြင့် သူမ၏ Memorial Service အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြသည်။

Naw Louisa...
We came (memorial service) to honor you as a leader of Free Burma Movements.
We came to recognize you as a brave woman.
We came (memorial service) that your family is not alone.

more info: http://dawngwincamp.blogspot.com/2010/02/naw-louisa-benson-craig.html