Sunday, December 19, 2010

ဒေါ်စုဂုဏ်ပြု အယ်လ်အေလူထု



Golden Triangle Restaurant, Whittier, California


အခမ်းအနားတွင် အခမဲ့ဝေငှသော ရင်ထိုးများ


ကိုပြေငြိမ်းက အမှာ စကားပြောကြားနေစဉ်


ကိုဖုန်းရောင်ဦးက ဂုဏ်ပြုစကား ပြောကြားနေစဉ်


ကိုတိုးလွင် (အတွင်းရေးမှူး NLD လွတ်မြောက်နယ်မြေ၊ အမေရိကန်ပြည်ထောင်စု)


အခမ်းအနားလာ ပရိတ်သက်များ




ကိုမော်ကြီးရဲ့ ကျေးဇူးတင်စကား


ဒေါ်စုအတွက် သတင်းစကား







အလှူခံငွေများရေတွက်နေစဉ်

ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၁၀
Golden Triangle Restaurant, Los Angeles

အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီး တိုင်းပြည်အကျိုးအတွက် အားကျိုးမန်တက် ဆောင်ရွက်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုအားပေးထောက်ခံသော ဂုဏ်ပြုညစာစားပွဲနှင့်ရန်ပုံငွေရှာဖွေပွဲကို Los Angeles မြို့ Whittier အရပ်ရှိ Golden Triangle Restaurant တွင် ကျင်းပခဲ့ရာ လူပေါင်း ၂၀၀ ခန့် ခန်းလုံး ပြည့် တက်ရောက် အားပေးဂုဏ်ပြု ခဲ့ကြပါသည်။ မိုးထဲ၊ လေထဲ ဆိုးဝါးလှသောရာသီဥတုဒဏ်ကို မမှုဘဲ တခဲနက် တက်ရောက် အားပေး ခဲ့ကြသူများ၊ မလာရောက်နိုင်သော်လည်း တတ်စွမ်းသရွေ့ ရန်ပုံငွေ ထဲ့ဝင်သူများအားလုံးကို ဒေါ်စုကိုယ်စား ပွဲစီစဉ်သူ L.A. Organizers အဖွဲ့ က ကျေးဇူးအထူး တင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

အခမ်းအနားကို ကိုပြေငြိမ်းက အဖွင့်အမှာ စကားပြောကြားပြီးဖွင့်လှစ်ပါသည်။ ထို့ နောက်ဒေါ်စုအား အမှတ် တရဂုဏ်ပြုစကားကို တက်ရောက်လာသူတဦးဖြစ်သော ကိုဖုန်းရောင်ဦးက ပြောကြားပေးပါသည်။ ထို့ နောက် အမေရိကန်ပြည်ထောင်စု၊ NLD (လွတ်မြောက်နယ်မြေ) ရဲ့ အတွင်းရေးမှူးလဲဖြစ်ပြီး ယခင်က ဒေါ်စုနှင့် အနီး ကပ်နေထိုင်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သူ ကိုတိုးလွင်က ဒေါ်စုရဲ့ အနစ်နာခံမှု၊ အမျှော်အမြင်ကြီးမားမှု၊ ရဲစွမ်းသတ္တိ ရှိမှု၊ ခေါင်းဆောင်ပီသမှုတို့ ကို အမှတ်တရ ဂုဏ်ပြု ပြောကြားသွားခဲ့ပါသည်။ ထို့ နောက် မြန်မာ အစားအသောက်ပေါင်းစုံပါဝင်သော ညစာစားပွဲကို ပျော်ရွှင်စွာစားသောက်ခဲ့ကြပါသည်။ ထို့ နောက် ကိုမော်ကြီးက ညစာစားပွဲတွင် ရရှိသော အကျိုးအမြတ်ငွေ $2,225 အား NLD အဖွဲ့ အထွေထွေရန်ပုံငွေအဖြစ် ပေးအပ်သွားမည်ဖြစ်ကြောင်းကျေညာပြီး တက်ရောက်လာကြသူများနှင့်အလှူငွေထဲ့ဝင်သူများအား ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ပြီးစီးစေခဲ့ပါသည်။

မိမိတို့ သည် NLD ပါတီဝင်များ မဟုတ်ဘဲ သာမန်ပြည်သူများသာဖြစ်ကြောင်း၊ အခမ်းအနားတွင်ရရှိသော ရန်ပုံငွေထက် တက်ရောက်လာသူများ၏ ဒေါ်စုအား ထောက်ခံအားပေးမှုက ပို၍အရေးကြီးကြောင်း၊ ဒေါ်စု အား Los Angeles အပါအ၀င် နိုင်ငံတကာရောက် မြန်မာမိသားစုများက အပြည့်အ၀ ထောက်ခံအားပေးနေကြောင်း၊ ဒေါ်စုနဲ့ အတူရပ်တည်နေကြောင်းကို ဒီအခမ်းအနားက ပြသနေကြောင်းကို ပွဲစီစဉ်သူ L.A. Organizers for Burma မှ တဦးက ပြောကြားသွားပါသည်။

Photo: DawnGwin, ZMA

Monday, December 6, 2010

အမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ (Los Angeles)

ကိုပြေငြိမ်းက ပရိသတ်များအား အခမ်းအနား အဖွင့်စကား ပြောကြားနေစဉ်


ခက်မာ (ခံစားမှုကိုမျှဝေခြင်း)


မောင်စွမ်းရည် (ရာပြည့် စာရေးဆရာကြီးများ)


ကိုသူရ၊ ကွယ်လွန်သူအမျိုးသားနိုင်ငံရေးခေါင်းဆောင် သခင်လွင်၏ ဇနီးသည် ဒေါ်မြင့်မြင့်လွင်၊
သားဖြစ်သူ ဒေါက်တာဇော်ဝင်းလွင်တို့ အား အခမ်းအနားတွင် အမှတ်တရတွေ့ ရစဉ်


အခမ်းအနားခေတ္တရပ်နားစဉ် အကျွေးအမွေးဖြင့် ဧည့်ခံစဉ်


ကိုဇော်မင်းအောင်က ဆရာမမေငြိမ်း ကိုယ်ရေးအကျဉ်း ဖတ်ကြားစဉ်


မေငြိမ်း (လူငယ်နှင့်အနုပညာ)


တက်ရောက်နားဆင်သူ စာပေ၀ါသနာရှင် ပရိတ်သက်များ


ဦးဝင်းဖေ၏ကိုယ်ရေးအကျဉ်းကို ဖတ်ကြားနေသည့် မကေသီ


ဝင်းဖေ (စာပေနှင့် အနုပညာ)


သရုပ်ဆောင်မေယုနှင့်အတူတကွ


အခမ်းအနားမှူးမနီလာစိန်နှင့်... ကိုမော်ကြီးရဲ့ ကျေးဇူးတင်စကား


အခမ်းအနားအပြီးအမှတ်တရ


ဆရာ၊ ဆရာမများအား နှုတ်ဆက်ညစာတည်ခင်းနေစဉ်

နှစ်စဉ်ကျင်းပမြဲဖြစ်သော LA မြို့ အမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို Monterey Park မြို့ နယ် အောင်ဇေခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ LA မြို့ ၏ လေးကြိမ်မြောက် စာပေဟောပြောပွဲဖြစ်သည့် ဤအခမ်းအနား သို့ LA, Arizona ပြည်နယ်တို့ မှ စာပေ၀ါသနာရှင်ပေါင်း ၂၀၀ ခန့် တက်ရောက် နားဆင်ခဲ့ပါသည်။ အခမ်းအနား မှူးအဖြစ် မန္တလေးရတနာပုံသတင်းစာမှ မနီလာစိန်က ပြုလုပ်ပေးပြီး အခမ်းအနားကို မြန်မာနိုင်ငံတော် သီချင်း ဖြင့် စတင်ဖွင့်လှစ် ခဲ့ပါသည်။ ထို့ နောက် တောင်ပိုင်းကယ်လီဖိုးနီးယား မြန်မာအသင်း ဥက္ကဌ ဒေါက်တာ ဇော်ထွန်းက ဟောပြောမဲ့ ဆရာ၊ ဆရာမများနှင့် တက်ရောက်နားဆင်သူများအား ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ထို့ နောက် LA Organizers အဖွဲ့ မှ ကိုပြေငြိမ်းက အခမ်းအနားအဖွင့်စကား ပြောကြား ပါသည်။ ထို့ နောက်ပထမဆုံး ပြောကြားမည့် ဆရာမခက်မာကိုယ်ရေးအကျဉ်းချုပ်ကို ဒေါက်တာအောင်မျိုးသန့်  က ဖတ်ကြားပေးပါသည်။ ထို့ နောက်ဆရာမခက်မာက ̏ ခံစားမှုကိုမျှဝေခြင်း˝ ခေါင်းစဉ်ကို ပြောကြားပါသည်။ ခက်မာက သူ့ အား စစ်အစိုးရက ဖမ်းဆီးဖို့ လာခေါ်စဉ် သူမရဲ့အဖွားက စိတ်ထိခိုက်ပြီး ဆုံးပါးသွားပုံ၊ မေတ္တာ တရားထွန်းကားသော မြန်မာပြည်တွင် မေတ္တာတရားကင်းမဲ့လာပုံများကို ဟောပြောသွားခဲ့ ပါသည်။ ဆရာမ ခက်မာ အစီအစဉ်ပြီးနောက် ဒုတိယဟောပြောမည့် ဆရာမောင်စွမ်းရည်၏ ကိုယ်ရေး ရာဇ၀င် ကို မရှင်းရှင်းက ဖတ်ကြားပေးပါသည်။ ထို့ နောက်ဆရာမောင်စွမ်းရည်က ̏ ရာပြည့်စာရေး ဆရာကြီးများ˝ ခေါင်းစဉ်ကို ဟောပြောပါသည်။ ယခင်တခေတ်က စာရေးဆရာကြီးများ၏ ဟာသဖြစ်စရာ အကြောင်းများကို ဟောပြောခဲ့ သည့်အပြင် လက်ရှိမြန်မာနိုင်ငံနိုင်ငံရေးအကြောင်းများ၊ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံနှင့် အမျိုးသားနေ့ ကို မမေ့ မလျော့အထိမ်းအမှတ် ကျင်းပပြုလုပ်သည့် LA မြို့ ကိုပါ ကျေးဇူးတင်ကြောင်း ပြောကြားသွားပါသည်။ ထို့ နောက် အခမ်းအနားကို ခေတ္တရပ်နားပြီး ပရိတ်သက်များအား ကြာဇံကြော်၊ ကောက်ညှင်းပေါင်း၊ စမူဆာ၊ လက်ဖက်ရည် တို့ ဖြင့် ကျွေးမွေးပါသည်။

အခမ်းအနားဒုတိယပိုင်းကို အမိမြန်မာပြည်လွတ်လပ်ရေး၊ တရားမျှတရေး၊ ဒီမိုကရေစီရေး၊ လူ့ အခွင့်အရေး၊ တန်းတူရေး၊ အမျိုးသားရေး… တိုက်ပွဲ အသီးသီးတွင်ကျဆုံးသွားခဲ့ကြသော စာရေးဆရာများ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည်များကို တမိနစ်ငြိမ်သက် ဂုဏ်ပြုခြင်း ဖြင့် စတင်ခဲ့ပါသည်။ ထို့ နောက် ဆရာမ မေငြိမ်း၏ကိုယ်ရေးအကျဉ်းကို ကိုဇော်မင်းအောင် ကဖတ်ကြားပေးပါသည်။ ထို့ နောက် မေငြိမ်းက ̏ လူငယ်နှင့် အနုပညာ˝ ခေါင်းစဉ်ကို ဟောပြောရာတွင် မြန်မာပြည်တွင် လူငယ်များမှာ လွတ်လပ်စွာ တွေးခေါ် စဉ်းစားမှု မရှိတော့ဘဲ အလွတ်ကျက်ပညာရေး စနစ်တွင် မျောပါနေရပုံ၊ လူငယ်များမှာ အနုပညာကို လွတ်လပ်စွာ ဖန်တီးနိုင်မှုမရှိဘဲ ခေတ်ကာလ ကိုမျှောကာ လိုက်နေရပုံများကို သဘာဝကျကျ ဟောပြောသွားခဲ့သည်။ ထို့ နောက် စွယ်စုံရဆရာ ဦးဝင်းဖေ၏ကိုယ်ရေးအကျဉ်းကို မကေသီက ဖတ်ကြား ပေးခဲ့ပါသည်။ ဦးဝင်းဖေက သူ၏ဟောပြောမှုအစမှာ စာပေဟောပြောပွဲမှာ အမျိုးသားနေ့ အထိမ်းအမှတ် ဖြစ်သော်လည်း ဖတ်ကြားရမည့် ခေါင်းစဉ်ကို မကန့် သတ်သဖြင့်ကျေးဇူးတင်ကြောင်းဖြင့် စတင်ဟောပြော ပါသည်။ ဦးဝင်းဖေမှာ ၀ါရင့် ပါရမီရှင် အနုပညာသည်တဦးဖြစ်သည့်အားလျော်စွာ သူ၏ဟောပြောမှု တလျောက်လုံး ပရိတ်သက်ကို သူနဲ့ တပါတည်း ဆွဲဆောင်ခေါ်ယူသွားပါသည်။ သီချင်းများကိုလည်း တီးလုံးမပါပဲ သံစဉ်အလိုက်ကျစွာ သီဆိုသွားပုံကိုက ပရိသက်ကို အကြိုက်တွေ့ စေပါသည်။

အစီအစဉ်အဆုံးသတ်အဖြစ် LA Organizers အဖွဲ့ မှ ကိုမော်ကြီးက ဤအခမ်းအနားဖြစ်မြောက်ရေး အတွက် လာရောက်ဟောပြောသည့် ဆရာ၊ ဆရာမများ၊ စပွန်စာများ၊ အခမ်းအနားကို အစမှအဆုံးထိ ပုံဖော် ကူညီကြ သူများ၊ လာရောက် နားဆင်ကျသူများအား ကျေးဇူးတင်ကြောင်း ပြောကြားပါသည်။ ထို့ နောက် LA Organizers အဖွဲ့ မှ ကိုသူရက ဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်ဆောင်ငွေများကို ပေးအပ်မှုကို စီစဉ်ပြုလုပ်ပေးပါသည်။ သွားဖက် ဆိုင် ရာဆရာဝန်များ၊ မန္တလေးရတနာပုံ သတင်းစာ၊ LA Organizers အဖွဲ့ အသီးသီးက ဂုဏ်ပြု လက်ဆောင်ငွေများ အသီးသီးပေးအပ်ခဲ့ကာ အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးစေခဲ့ပါသည်။

LA Organizers အဖွဲ့ က မြန်မာပြည်၏အရေးကြီးသော နေ့ ထူးနေ့ မြတ်များကို အခမ်းအနားများပြုလုပ်ခြင်းဖြင့် နှစ်စဉ် မပျက်မကွက် ဂုဏ်ပြုလျက်ရှိသည်။ ပြီးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နှင့် မြန်မာ့အမျိုးသမီးများ နေ့ အခမ်းအနားတွင် မြန်မာပြည်တွင်း ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူ အမျိုးသမီး ၂၀ ဦးအားဂုဏ်ပြု ထောက်ပံ့ကြေး ပံ့ပိုးပေးခဲ့သည်။ အလားတူပင် ၈ လေးလုံးပြည်သူ့ အရေးတော်ပုံနေ့ အထမ်းအမှတ် အခမ်းအနားတွင်လည်း မတရားဖမ်းဆီးအကျဉ်းကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသူကျောင်းသား ၂၀ ဦးအား ဂုဏ်ပြုထောက်ပံ့ကြေး ပံ့ပိုးပေးခဲ့သည်။ ပြည်တွင်းတွင် ဖိနှိပ်မှုများကို မကြောက်မရွံ့ တွန်းလှန်နေကြ သော ပြည်သူများနှင့်တသားတည်းဖြစ်ပြီး သူရဲကောင်းအာဇာနည်များကိုလည်း မည်သည့်အခါမှ မေ့ပျောက် လိမ့်မည်မဟုတ်ကြောင်း LA Organizers for Burma အဖွဲ့ မှ ဦးဆောင်သူတဦးက အာဏာပိုင်များ၏ မတရား ခွဲခြားချုပ်ချယ်သည့်ပညာရေးဥပဒေများကို စတင်သပိတ်မှောက်၍ ဖြစ်ပေါ်လာသော အမျိုးသားနေ့ အခမ်းအနား တွင် ပြောကြားသွားခဲ့သည်။

Sunday, September 12, 2010

ုငြင်းပယ်ရဲတဲ့ သတ္တိ








ငြင်းပယ်ရဲတဲ့ သတ္တိ

"ပြည်သူလူထုတွေကို ကျနော်ပြောချင်တာကတော့ မကြိုက်တဲ့အရာတွေကို ငြင်းပယ်ဖို့သတ္တိရှိကြပြီး အမှန်ကိုမလုပ်ရဲရင်တောင်မှ အမှားတွေကိုမထောက်ခံမိကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်"
ဇေယျာသော်
Generation Wave
(တရားခွင်တွင် စီရင်ချက်ချမှတ်ရန် ၁၀မိနစ်အလိုတွင် ပြောသွားခဲ့သောစကားများမှ)

အထက်ပါမှတ်ချက်လေးမှာ မတရား ထောင် ၆ နှစ်ကျခံထားရသူ တေးရေးနဲ့ ဟစ်ဟော့အဆိုတော် ဇေယျာသော်ရဲ့ ပြောင်မြောက်လှတဲ့ စကားလုံးများဖြစ်ပါတယ်။ သူ့ ရဲ့ တိုက်တွန်းချက်ဟာ သာမန်ပြည်သူများ ကိုသာမက ပြည်သူကို ဖျော်ဖြေအသုံးခံနေတဲ့ အနုပညာရှင်များအတွက်ပါ မှန်ကန်တဲ့နှိုးဆော်ချက်ဖြစ်နေတာမို့  အစိုးရပေါ်လစီဝါဒဖြန့် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ အာရုံဦးမှာဖူးတဲ့ကြာဇာတ်ကားနဲ့ ယင်းဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ထားတဲ့ အဆိုတော် ၀ိုင်းစုခိုင်သိန်းအားရှုတ်ချတဲ့ Los Angeles မြို့ က ဆန္ဒပြပွဲမှာ ပေါ်လွင် ထင်ရှား လူကြိုက်များတဲ့ စကားလုံးများဖြစ်လာပါတယ်။

ဆန္ဒပြပွဲကို အချိန်တိုအတွင်းမှာ စီစဉ်ကျင်းပလိုက်ရခြင်းအကြောင်းက တီးဝိုင်းလုပ်ဖို့ တပတ်အလိုကျမှ ကပ်၍ အရင်က ရယူထားသော သဘောတူညီချက်ဖြစ်တဲ့ ၀ိုင်းစုခိုင်သိန်းအား အယ်အေမြို့ တွင် ပါဝင်သီဆိုခွင့်မပြု ဟူသောကတိကို ပွဲစီစဉ်သူများက မရိုးသားစွာ တဖက်သတ် ဖျက်သိမ်းလိုက်ပြီး သူမကို ပါဝင်သီဆိုခွင့်ပြုမယ် လို့ ဆုံးဖြတ်လိုက်ခြင်းကြောင့်ဖြစ်ပါတယ်။ အခုလို ပေးထားတဲ့ကတိကိုဖျက်ခြင်းဟာ အယ်အေမြို့ ရှိ ဒီမိုကရေစီ မိသားစုများကို စော်ကားလိုက်ရုံသာမက လူကြီးလူကောင်းမဆန်တဲ့ လုပ်ရပ်တခုဖြစ်ပြီး သူတို့ တရားဝင် ထုတ်ပြန်ထားတဲ့ကြေညာချက်ကိုလည်း ခြေနဲ့ ဖျက်ပစ်ခြင်းဖြစ်ပါတယ်။ ပို၍ဆိုးဝါးသည်မှာ စစ်အစိုးရ (မြန်မာ သံရုံး) ၏ ဖိအားကြောင့် ယခုလိုလုပ်ရသည်ဟု သိရှိရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဆန္ဒပြပွဲဟာ စစ်အစိုးရ အလိုတော်ရိ အဆိုတော်တဦးအား ဆန္ဒပြတဲ့ သာမန်ဆန္ဒပြပွဲတခုမဟုတ်တော့ပဲ စစ်အစိုးရ၏ ဖိနှိပ်မှုကို ဆန့် ကျင်တဲ့ပွဲ၊ ပြည်တွင်းက ပြည်သူများမလုပ်ဆောင်နိုင်သော ဆန္ဒကို ဖော်ထုတ်တဲ့ပွဲ ဖြစ်လာပါတယ်။

တီးဝိုင်းသို့ သွားကြည့်ကြသူများဟာ သူတို့ ရဲ့ကိုယ်ပိုင် အခွင့်အရေးအရ ကိုယ့်သမိုင်းကို ကိုယ်ဆုံးဖြတ်သူများ သာဖြစ်ပါတယ်။ မိမိတို့ အနေဖြင့် ဤတီးဝိုင်းဖြစ်မြောက်ရေးအတွက် ငွေမျက်နှာတခုတည်းကို ကြည့်သော စီးပွားရေးသမား ပွဲစီစဉ်သူ မောင်မောင် လွင် (ကနေဒါ)၊ အယ်အေက ဒေသခံ ပွဲစီစဉ်ပေးသူများနဲ့ ဝိုင်းဝန်း ကူညီကြသော အယ်အေ ဒေသခံများကို ပြည်တွင်းမှ မြန်မာပြည်သူများကိုယ်စား လုံးဝ အပြစ်တင် ရှုတ်ချပါ တယ်လို့ L.A. Organizers for Burma အဖွဲ့ က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စစ်အစိုးရ အလိုတော်ရိ ပွဲစီစဉ်သူများက မြန်မာပြည် စစ်အစိုးရထုံးစံအတိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား ပုလိပ်နှင့်လုံခြုံရေးအရာရှိများကို အသုံးချ ဖိအားပေးကာ အနှောင့်အယှက်ပေးဖို့ ကြိုးစားခဲ့ပါသေးတယ်။ သို့  သော် ပွဲလုံခြုံရေးယူထားသူများက ဆန္ဒလာပြသူများကို လေးစားသည့်အပြင် ရင်းနှီးဖော် ရွေစွာ ဆက်ဆံခဲ့ပါ တယ်။ စစ်အစိုးရကို ဆန့် ကျင်တဲ့ဆန္ဒပြပွဲဟုသိထားတဲ့အတွက် စာနာသောအားဖြင့် အတွင်းစည်းအထိ ၀င် ရောက် ဆန္ဒခြင်းကို ခွင့်ပြုခဲ့ပါတယ်။ ဒါဟာ ဆန္ဒပြသူများရဲ့ အောင်မြင်မှုဖြစ်ပြီး ပွဲစီစဉ်သူတွေရဲ့ ကျဆုံးမှုတခု ဖြစ်ပါတယ်။ ဆန္ဒပြသူများကို ပွဲစီစဉ်သူအချို့ က လာရောက် ဓါတ်ပုံရိုက်ယူတာတွေရှိပါတယ်။ သွယ်ဝှိုက်တဲ့ နည်းနဲ့ ခြိမ်းခြောက်တဲ့ သဘောမျိုး၊ စစ်အစိုးရရဲ့ လုပ်ဆောင်ချက် ပုံစံမျိုး အတိအကျဆောင်နေတာ ပေါ်လွင် နေပါတယ်။

ဆန္ဒပြပွဲကြောင့် ပွဲစီစဉ်သူများ ငွေကြေးအရ အကြီးအကျယ် ဆုံးရှုံးမှုများ ရှိလာပါတယ်။ လုံခြုံရေးများ ထပ်ငှား ရခြင်း၊ ပွဲမကြည့်လိုသူများအား လက်မှတ်ဖိုး ပြန်အမ်းရခြင်း၊ လူအ၀င်နည်းခြင်းတို့ ကြောင့် စီးပွားရေး အရ အထိနာတဲ့ ပွဲတပွဲဖြစ်ပါတယ်။ အဲဒါဟာ အယ်အေမြို့  ပြည်သူတွေက စစ်အစိုးရကို မျက်နှာလုပ်သူများ အား ဒဏ်ခတ်ခြင်းဖြစ်ပြီး နောက်နောင် ဒီလိုမျိုး အစိုးရက နောက်ကွယ်ကနေ ထောက်ခံအားပေးတဲ့ အရာမှန် သမျှကို ဆန့် ကျင်သွားမယ် ဆိုတာကိုလည်း ပြတ်ပြတ်သားသား အသိပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။

ဘာပဲပြောပြော ဒီဆန္ဒပြပွဲလေးဟာ အနှောက်အယှက်များကြားထဲမှ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပဲ အောင်မြင်စွာ ပြီးဆုံး ခဲ့ပါတယ်။ အဲဒါဟာလည်း အယ်အေမြို့ ဒီမိုကရေစီ မိသားစုများရဲ့ စည်းကမ်းရှိမှု အဆင့်အတန်းကို ပြသတာဖြစ် တယ်လို့ ဆန္ဒပြပွဲကိုလာရောက်အကဲခတ်သူတဦးက မှတ်ချက်ပေးသွားပါတယ်။ ဆန္ဒပြပွဲသတင်းကို ဒေသခံ သတင်းဌာနက ပုဂ္ဂိုလ်များ၊ ပွဲလက်ခံပြုလုပ်တဲ့ အထက်တန်းကျောင်းမဂ္ဂဇင်းက သတင်းထောက်များနဲ့ တသီး ပုဂ္ဂုလိက သတင်းထောက်များက သတင်းလာယူတဲ့အတွက် မြန်မာဒီမိုကရေစီအင်အားစုများအတွက် အကျိုးရှိ တဲ့ ပွဲတခုဖြစ်ပြီး L.A. Organizers အဖွဲ့ ရဲ့ အောင်မြင်တဲ့ ခြေလှမ်းတလှမ်း ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို မနှစ်မြို့ ဖွယ် စစ်အစိုးရအလိုကျ တေးဂီတဖျော်ဖြေပွဲကို မကျင်းပကြဖို့ ကိုလည်း L.A. Organizers အဖွဲ့ က အခြား အမေရိကားမြို့ တွေနဲ့  နိုင်ငံတကာမှ မိသားစုများကို အလေးအနက်တိုက်တွန်း နှိုးဆော်လိုက်တယ်လို့  သိရပါတယ်။

ဒီဆန္ဒပြပွဲကို ရင်ထဲ၊ အသည်းထဲက ခံယူချက်အပြည့်နဲ့ လာရောက်ဆန္ဒပြသူတဦးကို သတင်းထောက်တဦးက ဒီပွဲရဲ့အဓိက အကျိုးအမြတ်ကဘာလဲလို့  မေးမြန်းတဲ့အခါ သူပြန်ပြီးဖြေခဲ့တာက...နိုင်ငံအနှံ့ ရောက်ရှိနေတဲ့ မြန်မာပြည်သူများ၊ ပြည်သူရဲ့ငွေ၊ နိုင်ငံရဲ့ဘဏ္ဍာငွေတွေကိုရယူပြီး ပြည်သူဖက်မှ မရပ်တည်တဲ့ အနုပညာရှင်များ နဲ့ အစိုးရ၀န်ထမ်းများ၊ နီးရာဓါးကို ကြောက်နေရတဲ့ သာမန်ပြည်သူများအားလုံးကို မှားတဲ့အရာတွေကို ငြင်းပယ် ရဲတဲ့သတ္တိရှိဖို့ လိုပြီး အမှန်တွေကို မလုပ်ရဲတာတောင်မှ အမှားတွေကို မထောက်ခံကြဖို့ ဆိုတဲ့ စကားလေး တခွန်းကို ပေးလိုက်ရတာပဲဖြစ်တယ်လို့ ဖြေကြားသွားပါတယ်။

(ကိုဇေယျာသော်အား ဦးညွတ်လျက်)
ဒေါင်းဂွင်

Thursday, August 12, 2010

၂၂ နှစ်မြောက် ၈၈၈၈ အခမ်းအနား (Los Angeles)

ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံ ၂၂ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို အယ်အေမြို့ လပွန်းတီ အရပ်ရှိ မြန်မာဗုဒ္ဒဘာသာကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားဟာ ရိုးရိုးလေးဖြစ်ပြီး အမှတ်တရ စကားပြောခြင်း၊ ၈၈၈၈ ရည်စူး အမှတ်တရ ကဗျာများရွတ်ဆိုခြင်း၊ ကိုယ်တွေ့ အဖြစ်အပျက်များပြောကြားခြင်းနဲ့ အကျွေးအမွေးဖြင့် ဧည့်ခံခြင်းတို့ ဖြစ်ပါတယ်။ အခမ်းအနားမှာ အထူးအစီအစဉ်အဖြစ် မြန်မာပြည်တွင်းရှိ NLD အဖွဲ့ ရဲ့ခေါင်းဆောင်တဦးဖြစ်သော အဘဦးဝင်းတင်မှ ဤအခမ်းအနားသို့ ပေးပို့ ထားသော အသံဖိုင်ကို ဖွင့်ပြပေးခဲ့ပါတယ်။

အခမ်းအနားအဓိကထူးခြားချက်မှာ ၈လေးလုံး ၂၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယုံကြည်ချက်ကြောင့် ဖမ်းဆီးအကျဉ်းကျနေသူ ၈၈ မျိုးဆက်ကျောင်းသူကျောင်းသား ၂၀ ဦးအား ဂုဏ်ပြုထောက်ပံ့မှု ပြုလုပ်ခြင်း ဖြစ်ပါတယ်။ အရင်ပြီးခဲ့တဲ့ ဒေါ်စုမွေးနေ့ တုန်းကလဲ မတရားဖမ်းဆီး အကျဉ်းကျနေသူ အမျိုးသမီး ၂၀ ဦးကို အယ်အေမြို့ က ဂုဏ်ပြု ထောက်ပံ့ခဲ့ပြီးဖြစ်ပါတယ်။ ဒီအခမ်းအနားကို ဦးဆောင်ကျင်းပတဲ့ LA Organizers အဖွဲ့ ဝင်တဦးပြောပြချက် အရ LA Organizers အဖွဲ့ ရဲ့ ရည်ရွယ်ချက် ၂ ခုဖြစ်တဲ့ ကျဆုံးသွားသူ အာဇာနည်များအား မမေ့မလျော့ပဲ ဂုဏ်ပြုရေး၊ ဖိနှိပ်မှုများကို မမှုဘဲ အမျိုးသားလွတ်မြောက်ရေးကို ဆက်လက်လုပ်ဆောင်နေသူ များအားလည်း အားပေးကူညီထောက်ပံ့ရေးဆိုတဲ့ ရည်ရွယ်ချက်များ ဒီပွဲလေးမှာ မင်္ဂလာရှိစွာ အထမြောက် ကြောင်း ပြောပြပါ တယ်။

လော့အိမ်ဂျလိစ်မြို့ က ၂၂ နှစ်မြောက် ၈၈၈၈ အခမ်းအနား

ကျဆုံးသွားသူများကို ဂုဏ်ပြုထားသော အဆင်အပြင်
ကိုခင်မောင်ရွှေက အဖွင့်စကား ပြောကြားနေစဉ်

ဒီမိုကရေစီတိုက်ပွဲများအတွင်း ကျဆုံးသွားသူများကို ဂုဏ်ပြုသည့် အနေဖြင့် တမိနစ်...ငြိမ်

မနေနေ က အခမ်းအနားမှာ ဂုဏ်ပြုထောက်ပံ့ပေးမဲ့ ၈၈ မျိုးဆက် ကျောင်းသားများရဲ့ ကိုယ်ရေးရာဇ၀င် အကျဉ်းကို ဖတ်ကြားနေစဉ်

ဒေါက်တာအောင်မျိုးသန့် က ဆရာတင်မိုးရဲ့ မျိုးဆက်သစ်၏စေတနာ ကဗျာကို ရွတ်ဆိုနေစဉ်

ဒေါက်တာ လမင်းတရာက သူအလွန်လေးစားသော ဆရာကြီးဦးဝင်းတင်ရဲ့ ကျားရဲ ကဗျာကို ရွတ်ဆိုနေစဉ်

ကဗျာ၊ စာရေးဆရာမ မွန်ဒရာ က သူကိုယ်တိုင်ရေးကဗျာဖြစ်သော ရေစုန်းမီးစုန်း ကဗျာအကြောင်းကို ပြောကြားနေစဉ်

ကိုကျော်ဌေးဦးက ၈၈ မျိုးဆက်ကျောင်းသားများ ပေါ်ထွန်းလာခြင်းအကြောင်းကို ပြောကြားနေစဉ်

NLD အင်္ဂပူမြို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြ၀င်းက ၈၈၈၈ အမှတ်တရ စကားပြောကြားနေစဉ်

အခမ်းအနား ခေတ္တရပ်နားပြီး အကျွေးအမွေးဖြင့် ဧည့်ခံနေစဉ်

မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB မှ အတွင်းရေးမှူးဦးမောင်မောင်က ၈၈၈၈ အမှတ်တရ စကားပြောကြားနေစဉ်

အောက်မေ့ဖွယ် အခမ်းအနားကို တခဲနက် တက်ရောက်လာသော မျိုးချစ်ပြည်သူများ

ကိုသူရက အာဏာသိမ်းအပြီး ပစ်ခတ်မှုကြောင့် ကျဆုံးသွားသော မ၀င်းမော်ဦးနဲ့ ဒေါက်တာမင်းသိမ်းအကြောင်း ကိုယ်တွေ့ အဖြစ်အပျက်ကို ပြောကြားနေစဉ်

ကိုပြေငြိမ်းရဲ့ ကျေးဇူးတင်စကား...
ဘုန်းတော်ကြီးများနှင့်ဂေါပကများ၊ ငွေကြေးထဲ့ဝင်သူများ၊ ပန်းကန်ဆေး၊ ခုံခင်း၊ စားဖိုမှလူများ...အားလုံး...အားလုံးရဲ့ ပူးပေါင်းကူညီဆောင်ရွက်မှုကို အသိအမှတ်ပြုခဲ့သည်။

အခမ်းအနားအပြီးဆရာတော် ဦးသီလစာရ နှင့် အမှတ်တရ

အခမ်းအနားမှူး ကိုဇော်မင်းအောင်

အခမ်းအနားအပြီး အမှတ်တရ...

အခမ်းအနားအပြီး အမှတ်တရ....

Tuesday, March 9, 2010

အကယ်ဒမီ မရသော်လည်း....

၂၀၁၀ ခုနှစ်၊ မတ်လ ၇ ရက်နေ့ ...လော့စ်အိမ်ဂျလိစ်မြို့ Kodak theater တွင် ကျင်းပသော ၈၂ နှစ်မြောက် အကယ်ဒမီဆုပေးပွဲတွင် အကောင်းဆုံး Documentary Feature ကဏ္ဍ နောက်ဆုံးစကာတင် ရွေးချယ် ထားခြင်းခံရသော Burma VJ ရုပ်ရှင်ကားအတွက် ဒိန်းမတ်နိုင်ငံသားများဖြစ်သော ဒါရိုက်တာ Anders Ostergaard ၊ ထုတ်လုပ်သူ Lise-Lense Moller ၊ Burma VJ ရုပ်ရှင်တွင်ကိုယ်တိုင်ပါဝင်ခဲ့ကြသော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုမှ ဆရာတော် ဦးပညာဇောတနှင့် ဦးဃောသိတ၊ နော်ဝေးနိုင်ငံ အခြေစိုက် Democratic Voice of Burma (DVB) မှ မန်းနေဂျင်း ဒါရိုက်တာ ကိုအေးချမ်းနိုင်တို့  တက်ရောက် ခဲ့ကြသည်။

Burma VJ အရွေးမခံရပဲ စကာတင် အဆင့်ဖြင့်သာ ကျေနပ်နှစ်သိမ့်ခဲ့ရသည်။ နောက်နေ့ တွင် မန္တလေးဂေဇတ်သတင်းစာနှင့် LA Organizers for Burma အဖွဲ့ မှ ဆရာတော်များအား Golden Triangle မြန်မာစားသောက်ဆိုင်၌ နေ့ ဆွမ်းကပ်လှူခဲ့သည်။ ထို့ နောက်အယ်အေမြို့ တ၀ှိုက် သွားရောက် လယ်ပတ် ပြသခဲ့ပြီး “ပြည်သူ့ သူရဲကောင်း” ဆုကို ပေးအပ်ခဲ့သည်။



ကော်ဇောနီ၊ ရဲရဲတောက်ဘုန်းတော်ကြီးများ၊ ပြည်သူ့ သူရဲကောင်းဆုနှင့် အယ်အေမှ ဒီမိုကရေစီ မိသားစုများ