မိမိရဲ့ အမြင်နဲ့ အကြား...
အယ်အေမှာ ပထမဦးဆုံးလုပ်တဲ့ ခမ်းနားထည်ဝါတဲ့ အငြိမ့်ပွဲ...
ရုံဝင်ခငွေနဲ့ ဆုံးဖြတ်၍ မရတဲ့ပွဲ...
သီးလေးသီးက သူတို့  အားခဲထားသမျှ စိတ်ရောကိုယ်ပါ အိပ်သွန်ဖာမှောက် ရှိသမျှကို ပေးသွားတဲ့ပွဲ...
ပရိတ်သတ်ကလည်း သူတို့ နဲ့ တသားတည်းကျကာ ရှိသမျှ ပူပင်သောကတွေ (ခေတ္တ) ပျောက်သွားစေတဲ့ပွဲ... ပွဲစီစဉ်သူတွေကလည်း ငွေကို အဓိကမထား အချိန်ပို ၃ နာရီကို (မမျော်လင့်ထားပဲ) တိုးစေတဲ့ပွဲ...
အယ်အေရာဇ၀င်မှာ ဆုကြေးငွေ အများဆုံးရတဲ့ပွဲ...
ပွဲကြည့်သူများ ပွဲပြီးတော့ ပွဲစီစဉ်သူတွေကို ကျေးဇူးတင်တဲ့ပွဲ...
ပရိတ်သတ်များ အားရကျေနပ်သလို...စီစဉ်သူများ ငွေကုန် လူပန်း နပ်တဲ့ပွဲ...
အဲဒါ အယ်အေက သီးလေးသီးပွဲ...
ပြည်သူတို့ ရဲ့ပွဲ...
(ဘားမားတူဒေးမှ)
http://burmatoday.net/article2005/2009/200901/090106_thee_lay_thee.swf
(မန္တလေး ဂေဇတ်မှ)
ကျွန်တော့်အနေနဲ့ တော့....သိပ်ပြောစရာ မတွေ့မိပါ၊အမေရိကခြေချပြီး..ပထမဆုံးကတဲ့ပွဲမှာတင် ဆုရှီးနဲ့ ပါတ် သက်ပြီး ပျက်သွားတာလေးတွေ ကြိုက်ပါတယ်၊ချက်ချင်းကို ကောက်ယူပျက်လိုက်ကြတာပါပဲ၊ အနုပညာ ရှိ တယ်ပေါ့၊
(ဆန်) နဲ့ (ဆီ)လက်ဝှေ့ ထိုးခန်းကတော့ နည်းနည်း သဘောပေါက်ရခက်ပါတယ်၊သူတို့က မြန်မာပြည်ဈေး တွေ နဲ့ တွက်ပြီး ကုန်ဈေးနှုန်း ခနဲ့ ပျက်တယ်ဆိုပေမဲ့ ဒီမှာနေတဲ့သူတွေအတွက် ရယ်(၇ီ)ရခက်ကြီး ဖြစ်နေသလိုပါပဲ၊
ရာမဇတ်ကတော့ သမင်လေးခုန်ပေါက်တာမျိုးက လှတယ်ထင်မိတာပါပဲ၊ဘီလူးအကကိုတော့ ဓါတ်ပုံတော်တော် ရိုက်ဖြစ်လိုက်ပါတယ်၊ ကွတကွတနည်း ဆန်းတာကိုး...ရာမယန က အရှေ့ တောင်အာရှနိုင်ငံ တော်တော် များများမှာ ရှိတယ်ဆိုပါတယ်၊အခု သီးလေးသီးဇတ်အဖွဲ့ မဖြစ်ခင်ကတည်က.. မြန်မာနိုင်ငံကိုယ်စားပြု ပွဲသွားက ဖူးကြတယ်လည်း ဆိုပါတယ်၊ဆုတွေရဖူးတယ်လည်း ဆိုပါတယ်၊ ပွဲကြည့်ရတာ တန်တာပေါ့၊
ဇတ်ရုံနောက်သွားပြီး ဘီလူးခေါင်းစွပ်ကို အုန်းသီးငှက်ပျောသီး ဆက်ထားတာ အမှတ်တရ ဓါတ်ပုံရိုက်ခဲ့ ပါတယ်၊အုန်းသီးက စားဖို့အဆင့်လုပ်ထားတဲ့ အမာခွံမပါတာကြီး ဖြစ်နေတာပဲ၊ကောင်းပါတယ်၊ အုန်းရေ သောက်ရလွယ်တယ်ပေါ့၊
ကျန်တာတော့ ဝေဖန်ရန်မရှိသေးပါ၊ တော်ကြာ ဘီလူး လာချောက်နေဦးမယ်.....
(LA Organizers မှ)
I watched Thee Lay Thee’s performance in Los Angeles area on the 61st independent day of our motherland Burma (Jan 4 2009). It was breathtaking. I have never known how to enjoy the entertainment arts all my life except some Burmese traditional music. I am a complete dummy when it comes to dances and performances.
Thee lay thee changed my life. I wept as I sang Burmese national anthem with pride.
The traditional dances (U Shwe Yoe; Yama) were so graceful and very elegant. Thee Lay Thee taught me how to appreciate and be proud of our culture I am now so proud my culture. Thee lay thee messages of unity, resoluteness and the patriotism were very loud and clear at most. Humors were so hilarious and so true that I hurt my tummy greatly due to the nonstop laughers. I salute and thank Thee Lay Thee with all my heart. My God Bless Their way and lives.
May the freedom reign in Burma.
Very Sincerely
Pye Nyein (Los Angeles)