Wednesday, August 12, 2009

Protest for Daw Suu's Arrest @ Hollywood


ဒေါ်အောင်ဆန်းစုကြည် ထောင် ၃ နှစ်ချခံရခြင်းအပေါ် မကျေနပ်သော အယ်အေရှိ မြန်မာများက ထုံးစံအတိုင်း စုရုံးရာအရပ်ဖြစ်သည့် ဟော်လီဝုဒ်ရှိ Kodak Theater ရှေ့ ၌ သြဂုတ်လ ၁၁ ရက်နေ့ က ညနေ ၅ နာရီမှ စတင်၍ ဆန္ဒပြခဲ့ကြပါသည်။ ဒေါ်စုကို အမြဲထောက်ခံသော ဒေသခံ အမေရိကန်လူမျိုးများ၊ ကမ္ဘာလှည့် ခရီးသည်များက ဆန္ဒပြပွဲကို အားပေးသောအားဖြင့် ကားဟွန်းသံများ ကြယ်လောင်စွာ တီးပေးခဲ့ကြသည်။ အများအပြားက ဒေါ်စုနောက်ဆုံးအခြေအနေကို စိတ်ဝင်စားစွာ မေးမြန်းခဲ့ကြပြီး ဒေါ်စုအား စာနာသနား ကြောင်းကို စိတ်မကောင်းစွာ ပြောပြကြသည်။ ဆန္ဒပြပွဲကို ညနေ ၆ နာရီခွဲတွင် ကြွေးကျော်သံများဖြင့် အောင်မြင်စွာ အဆုံးသတ်စေခဲ့ပါသည်။ အချိန်မအားလပ်သည့်ကြားထဲက ယခုလို အရေးကြီးသည့်အချိန်တွင် သွေးနီးကာ လာရောက်ဆန္ဒပြကြသော အယ်အေရှိမြန်မာများအား ကျေးဇူးအထူးတင် လေးစားပါကြောင်း ပွဲစီစဉ်သူ L.A. Organizers for Burma အဖွဲ့ ကအသိအမှတ်ပြု ပြောဆိုသွားကြောင်း သတင်းရရှိပါသည်။












2 comments:

  1. sayagyi u win tin,the second leader of ours,is in hospital to operate for cardiology, so your organization should organize to support as a fund for him

    ReplyDelete
  2. Thanks for your suggestion...We will try our best to make it possible.

    ReplyDelete