Monday, December 12, 2011
Sunday, November 27, 2011
Thursday, November 10, 2011
Monday, August 8, 2011
၈၈၈၈ (သို့ မဟုတ်) မမေ့အပ်သော သမိုင်းဝင်နေ့ 
Los Angeles, Aug 6, 2011
၂၃ နှစ်မြောက် ၈လေးလုံး နှစ်ပတ်လည် အခမ်းအနားကို Los Angeles မြို့ မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တွင် သြဂုတ်လ ၆ ရက်နေ့ ၊ ၂၀၁၁ တနင်္ဂနွေနေ့ တွင် ကျင်းပခဲ့ရာ ပြည်သူလူထု ၁၀၀ ကျော် တက်ရောက်ခဲ့ သည်။ အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ပြီးနောက် ဒို့ အရေး (Our Cause) ရုပ်ရှင်ဇတ်လမ်း တိုအား စတင်ပြသခဲ့သည်။ ဒို့ အရေးရုပ်ရှင်ကားမှာ ဒေါ်အောင်ဆန်းစုကြည်နှင့်မြန်မာပြည်သူများ ဒီမိုကရေစီ နှင့်လူ့ အခွင့်အရေးရရှိရန်ကြိုးပမ်းမှုအပေါ် ကမ္ဘာတ၀ှမ်းရှိသြဇာရှိသူများ၊ နိုင်ငံခေါင်းဆောင်များ၊ အနုပညာသည်များက အားပေးထောက်ခံကြောင်းကို အခြေခံရိုက်ကူးထားသော မှတ်တမ်းတင် ရုပ်ရှင်ကားဖြစ် သည်။
ဇတ်ကားအပြီး ဘုန်းတော်ကြီးများအား ဆွမ်းကပ်လှူပြီး တက်ရောက်လာသော ပရိတ်သက်များအား နေ့  လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ နေ့ လည်စာစားသုံးနေစဉ်အတွင်း ၈ လေးလုံးပြည်သူ့ အရေးတော်ပုံ အကြောင်းနှင့်ပတ်သက်၍ အမှတ်တရစကားပြောကြားခြင်းနှင့် ၈ လေးလုံး ဂုဏ်ပြုတေးသီချင်းများကို သီဆို ဖျော်ဖြေမှုများကိုပြုလုပ်ခဲ့သည်။ ထို့ နောက် ဒုတိယရုပ်ရှင်ကားအဖြစ် Barefoot Student Army ကားကို ပြသခဲ့သည်။ ယင်းဇတ်ကားမှာ ၈ လေးလုံးအရေးအခင်းအပြီး တောခိုသွားကြသော ကျောင်းသားများကို အခြေခံ၍ ရိုက်ကူးထားသော တကယ့်အဖြစ်အပျက်မှန် မှတ်တမ်းတင် ရုပ်ရှင်ကားဖြစ်သည်။ ယင်းဇတ်ကားကို လွန်ခဲ့သော အနှစ် ၂၀ ကျော်က မှတ်တမ်းတင် ရိုက်ကူးထားခြင်းဖြစ်သည်။ ဒီမိုကရေစီတောင်းဆိုလှုပ်ရှားမှု၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး၊ လူ့ အခွင့်အရေးချိုးဖောက်မှု၊ ပေါ်တာအဖြစ် မတရားခိုင်းစေ မှု၊ ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သော NLD အား အာဏာလွဲမပေးမှု စသည်တို့ မှာလွန်ခဲ့သော အနှစ် ၂၀ ကျော်မှ ယနေ့ ထိတိုင် ဖြစ်ပျက်နေသည်ကို မီးမောင်းထိုးပြလို၍ ဤဇတ်ကားကို ပြသခြင်းဖြစ်ကြောင်း စီစဉ်သူတဦးက ပြောပြပါသည်။
အခမ်းအနားကို LA Organizers for Burma အဖွဲ့ ကစီစဉ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အပါအ၀င် ၅ နှစ် ဆက်တိုက် စီစဉ်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ်၏ထူးခြားချက်မှာ အမေရိကန်နှင့်ထိုင်းနိုင်ငံသားများ၊ အရီဇိုးနား ပြည်နယ်မှ ဧည့်သည်မိတ်ဆွေများက တက်ရောက်အားပေးခဲ့ခြင်းဖြစ်ကြောင်း၊ မျိုးဆက်သစ်လူငယ်များ၊ ၈၈ မျိုးဆက် လူလတ်ပိုင်းများ၊ ဒေသခံ ဒီမိုကရေစီအရေးထောက်ခံသူလူကြီးများ၊ စသဖြင့် လူတန်းစားပေါင်းစုံ တက်ရောက် ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ့ဒီမိုကရေစီရေးအောင်မြင်သည်ထိ ဇွဲမလျော့ပဲ တစိုက်မတ်မတ် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ LA Organizers တဦးမှ ပြောကြားသွားခဲ့ပါသည်။
Thursday, July 21, 2011
Monday, June 20, 2011
Daw Aung San Suu Kyi's Birthday and Burmese Women's Day @ Los Angeles
ဇွန်လ ၁၉ရက်နေ့ တွင်ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နှင့်မြန်မာ့အမျိုးသမီးများနေ့  အခမ်းအနားကို Los Angeles မြို့ လပွန်းတီအရပ်ရှိ မြန်မာဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၌ ကျင်းပခဲ့ရာ မြန်မာ့ဒီမိုကရေစီအရေးကို အမြဲလိုအားပေးသော၊ ဒေါ်အောင်ဆန်းစုကြည်အား လေးစားထောက်ခံသော ပြည်သူလူထု ၁၀၀ ကျော်တက်ရောက်ခဲ့ပါသည်။ တက်ရောက်လာသူများက ဒေါ်စုအားဂုဏ်ပြုသော အမှတ် တရစကားများ ပြောကြားခြင်း၊ မွေးနေ့ သီချင်းသီဆိုခြင်း၊ ဒေါ်စုအတွက်စပ်ဆိုထားသော ထက်အောင်ရှိုင်း၏ “ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အတွက်သီချင်း”ကို သီဆိုခြင်းတို့ ဖြင့် အခမ်းအနားမှာ စည်ကားအသက်ဝင်ခဲ့ ပါသည်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ကိုကြိုဆိုသည့်အနေဖြင့် မွေးနေ့ ပွဲ မတိုင်မှီ ၁ ပတ်အလို ဇွန်လ ၁၂ ရက်နေ့ တွင်လည်း မွေးနေ့ ပွဲပြုလုပ်မည့် လပွန်းတီအရပ်ရှိ ဗုဒ္ဓဘာသာမြန်မာဘုန်းကြီးကျောင်းမှ ဆရာတော်များအား နေ့ စွမ်းကပ်လှူခဲ့ပါသည်။ ဆရာတော်များက ဒေါ်စုအတွက် မွေးနေ့ ဆုတောင်းပေးခဲ့ပြီး မြန်မာပြည်သားအားလုံးအတွက် အမျှပေးဝေခဲ့ပါသည်။ LA Organizers မိသားစုများက ကျောင်းပတ်ဝန်းကျင်အား သန့် ရှင်းရေးလုပ်အားဖြင့် ကုသိုလ်ပြုခဲ့ပါသည်။
အခမ်းအနားကို စီစဉ်သူ LA Organizers အဖွဲ့ မှ အဖွဲ့ ဝင်များကလည်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားများအားတိုက်ခိုက်မှု ရပ်စဲရန်၊ ဖြစ်ပေါ်နေသော နိုင်ငံရေး အခက် အခဲများကို တွေ့ ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရန်၊ ပြည်ပရောက်နိုင်ငံသားများကို မြန်မာနိုင်ငံသို့ လွတ်လပ်စွာ ပြန်လာနိုင်ရန် စသည့်တောင်းဆိုချက်များပါဝင်သော လက်မှတ်ရေးထိုး တောင်းဆိုမှုကို ပြုလုပ်ခဲ့ပါသည်။ ထို့ ပြင် Los Angeles မြို့ က ပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသား အယောက် ၂၀၀ ဦးအား လစဉ်ကူညီနေသော အစီအစဉ်ကို ရှင်းပြခြင်း၊ အထူးသဖြင့် မြန်မာပြည် အပြောင်းအလဲအတွက် လမ်းဆုံလမ်းခွတွင် ရောက်ရှိနေ သော နိုင်ငံရေးအကျပ်အတည်းမှ လွတ်မြောက်နိုင်ရန် နိုင်ငံရေးကို မျက်ခြေမပြတ်ကြရန်နှင့်ယခုထက်ပိုမို၍ လုပ်ကြရန်၊ အထူးသဖြင့် လူငယ်များနိုင်ငံအရေးတွင် ပိုမိုတက်ကြွစွာ ပါဝင်ကြရန်တိုက်တွန်းခဲ့ပါသည်။ တက်ရောက်လာသူများကလည်း လေးစားထိုက်သောဒေါ်စုကို အတုယူကာ ဒေါ်စုကဲ့သို့ အနစ်နာခံကာအများ အကျိုးကိုလုပ်ဆောင်ကြရန်၊ မြန်မာ့နိုင်ငံရေးတွင် ဒေါ်စုအရေးပါပုံ၊ အမေရိကားတွင်ရရှိသော လွတ်လပ်မှုနှင့် ချမ်းသာမှုကို မိမိတို့ ကဲ့သို့ ပင် ပြည်တွင်းမှပြည်သူများလည်းရရှိခံစားစေနိုင်ရန်အတွက် မမေ့လျော့ အတတ်နိုင် ဆုံးလုပ်ဆောင်ကြရန် စသဖြင့် အမှတ်တရစကားများ ပြောကြားပေးခဲ့ကြသည်။ ထို့ ပြင် ပြည်တွင်း ရန်ပုံငွေ အတွက် ဒေါ်စုဓါတ်ပုံများ၊ တီရှပ်များရောင်းချခဲ့ပါသည်။ ဒေါ်စုမွေးနေ့ ကိပ်မုန့် ခွဲခြင်း၊ မွေးနေ့ အမှတ်တရ သီချင်းသီဆိုခြင်း၊ အမှတ်တရ ဓါတ်ပုံရိုက်ခြင်းတို့ ဖြင့် အခမ်းအနားကို အောင်မြင်စွာ ပြီးစီးစေခဲ့ပါသည်။
Monday, June 13, 2011
Monday, May 30, 2011
Wednesday, April 27, 2011
ABSDF ဥက္ကဌ ကိုသံခဲနှင့် Los Angeles
တော်လှန်ရေးသည် ငါတို့ ကျောင်း...ငါတို့ တက္ကသိုလ်
ကိုသံခဲက မိတ်ဆက်စကား ပြောကြားနေစဉ်
အခမ်းအနားမှူး ကိုသူရ
ကိုသံခဲနှင့် မန္တလေးဂေဇတ်သတင်းစာအဖွဲ့ 
ဘဏ္ဍာရေးမှူးနှင့်ကူညီနေသူ သမီးများ
ကိုသံခဲနှင့်လူငယ်မျိုးဆက်များ
စေတနာပြည့်ဝသော အိမ်ရှင် ကိုမော်ကြီး+မကေသီနှင့် ကိုသံခဲ
ABSDF အဖွဲ့ ဝင်ဟောင်းများနှင့်အမှတ်တရ
စားလိုက် ပြောလိုက်
L.A မြို့ တွင် ရောက်ရှိနေသော ABSDF ဥက္ကဌ ကိုသံခဲနှင့် L.A မြို့ ရှိ ABSDF အဖွဲ့ ဝင်ဟောင်းများ၊ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးထောက်ခံသူ ပြည်သူများနှင့်တွေ့ ဆုံပွဲ အခမ်းအနားကို L.A Organizers အဖွဲ့ က စီစဉ်မှုဖြင့် ကိုမော်ကြီးနှင့် မကေသီနေအိမ်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ ပထမဦးစွာ ကိုသံခဲကမိတ်ဆက်စကား ပြောကြား ပြီး ကိုမော်ကြီး က L.A မြို့ သည် ရာဇ၀င်အရ ABSDF အဖွဲ့ အား တောက်လျောက်ကူညီလာခဲ့ပုံကို သမိုင်းကြောင်းဖြင့် ရှင်းလင်းပြပါသည်။ ကိုပြေငြိမ်းက ကူညီထောက်ပံ့မှုများအတွက် တိုက်တွန်းပြောကြားပြီး ကိုသူရက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးပါသည်။ ကိုသံခဲက ဆက်လက်၍ ABSDF ၏ လက်ရှိ အနေ အထား၊ ရှေ့ ဆက်လုပ်ကိုင်မည့် အစီအစဉ်၊ အဖွဲ့ အစည်းလိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ပြီး နယ်စပ်၌ ယခုလတ်တလော လှုတ်ရှားမှု ဓါတ်ပုံများကို ပြသ ရှင်းပြခဲ့ပါသည်။
အခမ်းအနားသို့ တက်ရောက်သူ ၆၀ ကျော် ၇၀ နီးပါးခန့် ရှိပြီး ထင်ထားသည်ထက် အောင်မြင်သော အခမ်းအနားတခုဖြစ်ပါသည်။ အခမ်းအနားအပြီးတွင် ကောက်ခံရရှိသောအလှူငွေများကို ကိုသံခဲအား L.A Organizers အဖွဲ့ ဘဏ္ဍာရေးတာဝန်ခံ ဒေါ်နှင်းအုန်းက ပေးအပ်ခဲ့ပါသည်။ ကိုသံခဲက အခမ်းအနားကို အားရ ကျေနပ်ကြောင်းနှင့် တက်ရောက်သူများကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။