Monday, June 20, 2011

Daw Aung San Suu Kyi's Birthday and Burmese Women's Day @ Los Angeles















ဇွန်လ ၁၉ရက်နေ့ တွင်ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နှင့်မြန်မာ့အမျိုးသမီးများနေ့  အခမ်းအနားကို Los Angeles မြို့ လပွန်းတီအရပ်ရှိ မြန်မာဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၌ ကျင်းပခဲ့ရာ မြန်မာ့ဒီမိုကရေစီအရေးကို အမြဲလိုအားပေးသော၊ ဒေါ်အောင်ဆန်းစုကြည်အား လေးစားထောက်ခံသော ပြည်သူလူထု ၁၀၀ ကျော်တက်ရောက်ခဲ့ပါသည်။ တက်ရောက်လာသူများက ဒေါ်စုအားဂုဏ်ပြုသော အမှတ် တရစကားများ ပြောကြားခြင်း၊ မွေးနေ့ သီချင်းသီဆိုခြင်း၊ ဒေါ်စုအတွက်စပ်ဆိုထားသော ထက်အောင်ရှိုင်း၏ “ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အတွက်သီချင်း”ကို သီဆိုခြင်းတို့ ဖြင့် အခမ်းအနားမှာ စည်ကားအသက်ဝင်ခဲ့ ပါသည်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ကိုကြိုဆိုသည့်အနေဖြင့် မွေးနေ့ ပွဲ မတိုင်မှီ ၁ ပတ်အလို ဇွန်လ ၁၂ ရက်နေ့ တွင်လည်း မွေးနေ့ ပွဲပြုလုပ်မည့် လပွန်းတီအရပ်ရှိ ဗုဒ္ဓဘာသာမြန်မာဘုန်းကြီးကျောင်းမှ ဆရာတော်များအား နေ့ စွမ်းကပ်လှူခဲ့ပါသည်။ ဆရာတော်များက ဒေါ်စုအတွက် မွေးနေ့ ဆုတောင်းပေးခဲ့ပြီး မြန်မာပြည်သားအားလုံးအတွက် အမျှပေးဝေခဲ့ပါသည်။ LA Organizers မိသားစုများက ကျောင်းပတ်ဝန်းကျင်အား သန့် ရှင်းရေးလုပ်အားဖြင့် ကုသိုလ်ပြုခဲ့ပါသည်။

အခမ်းအနားကို စီစဉ်သူ LA Organizers အဖွဲ့ မှ အဖွဲ့ ဝင်များကလည်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားများအားတိုက်ခိုက်မှု ရပ်စဲရန်၊ ဖြစ်ပေါ်နေသော နိုင်ငံရေး အခက် အခဲများကို တွေ့ ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရန်၊ ပြည်ပရောက်နိုင်ငံသားများကို မြန်မာနိုင်ငံသို့ လွတ်လပ်စွာ ပြန်လာနိုင်ရန် စသည့်တောင်းဆိုချက်များပါဝင်သော လက်မှတ်ရေးထိုး တောင်းဆိုမှုကို ပြုလုပ်ခဲ့ပါသည်။ ထို့ ပြင် Los Angeles မြို့ က ပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသား အယောက် ၂၀၀ ဦးအား လစဉ်ကူညီနေသော အစီအစဉ်ကို ရှင်းပြခြင်း၊ အထူးသဖြင့် မြန်မာပြည် အပြောင်းအလဲအတွက် လမ်းဆုံလမ်းခွတွင် ရောက်ရှိနေ သော နိုင်ငံရေးအကျပ်အတည်းမှ လွတ်မြောက်နိုင်ရန် နိုင်ငံရေးကို မျက်ခြေမပြတ်ကြရန်နှင့်ယခုထက်ပိုမို၍ လုပ်ကြရန်၊ အထူးသဖြင့် လူငယ်များနိုင်ငံအရေးတွင် ပိုမိုတက်ကြွစွာ ပါဝင်ကြရန်တိုက်တွန်းခဲ့ပါသည်။ တက်ရောက်လာသူများကလည်း လေးစားထိုက်သောဒေါ်စုကို အတုယူကာ ဒေါ်စုကဲ့သို့ အနစ်နာခံကာအများ အကျိုးကိုလုပ်ဆောင်ကြရန်၊ မြန်မာ့နိုင်ငံရေးတွင် ဒေါ်စုအရေးပါပုံ၊ အမေရိကားတွင်ရရှိသော လွတ်လပ်မှုနှင့် ချမ်းသာမှုကို မိမိတို့ ကဲ့သို့ ပင် ပြည်တွင်းမှပြည်သူများလည်းရရှိခံစားစေနိုင်ရန်အတွက် မမေ့လျော့ အတတ်နိုင် ဆုံးလုပ်ဆောင်ကြရန် စသဖြင့် အမှတ်တရစကားများ ပြောကြားပေးခဲ့ကြသည်။ ထို့ ပြင် ပြည်တွင်း ရန်ပုံငွေ အတွက် ဒေါ်စုဓါတ်ပုံများ၊ တီရှပ်များရောင်းချခဲ့ပါသည်။ ဒေါ်စုမွေးနေ့ ကိပ်မုန့် ခွဲခြင်း၊ မွေးနေ့ အမှတ်တရ သီချင်းသီဆိုခြင်း၊ အမှတ်တရ ဓါတ်ပုံရိုက်ခြင်းတို့ ဖြင့် အခမ်းအနားကို အောင်မြင်စွာ ပြီးစီးစေခဲ့ပါသည်။

No comments:

Post a Comment