Sunday, October 21, 2007











အောက်တိုဘာ ၂၀၊ Santa Monica


အယ်အေမှာ အခုဆိုရင် စနေနေ့ ညနေခင်းအပတ်တိုင်းလိုလိုမှာ ဆန္ဒပြပွဲတွေကို ကျင်းပနေပါတယ်။ ဒီတပတ်ရဲ့ အပတ်စဉ် အလှည့်ကျနေရာကတော့ Santa Monica မြို့ ရဲ့လူအစည်ကားဆုံးနေရာတခု ဖြစ်တဲ့ 3rd St. ပဲဖြစ်ပါ တယ်။ အဲဒီ့နေရာရဲ့ထူးခြားချက်က အမေရိကန်နိုင်ငံသားများအပြင် ကမ္ဘာလှည့် ခရီးသွားများ အများအပြား လာ ရောက်လည်ပတ်တဲ့နေရာလည်းဖြစ်ပါတယ်။ လက်ရှိကျောင်းတက်နေတဲ့ ကျောင်းသားလူငယ်များ၊ အဖွဲ့  အစည်းအသီးသီးမှ တက်ကြွလူငယ်များ၊ အယ်အေရဲ့ မျိုးချစ်မြန်မာများနှင့် အခန်းအနားကို ကြီးမှူးကျင်းပတဲ့ Team LA Organizers များ အပါအ၀င် စုစုပေါင်းလူ ၂၀၀ နီးပါးခန့် တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲရဲ့ထူးခြားချက် ကတော့ အခြားအရင်ပွဲတွေမှာ မလုပ်နိုင်ခဲ့တဲ့ မြန်မာနိုင်ငံအကြောင်း အသိပညာပေးကဏ္ဏပဲဖြစ်ပါတယ်။ မြန်မာ ပြည်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို လမ်းသွားလမ်းလာများအားဝေငှခဲ့ပြီး သူတို့ ကလည်း စိတ်ဝင်တ စား ပိုစတာနဲ့ ဓါတ်ပုံများကို ကြည့်ရှုခဲ့ကြသည့်အပြင် အိပ်ဖွင့်ပေးစာများကိုလည်း လက်မှတ်ရေးထိုးသွားခဲ့ကြပုံ ကတော့ ဒီပွဲရဲ့ အဓိက အောင်မြင်မှုဖြစ်ပါတယ်။

ဖိနှိပ်ချိမ်းချောက်မှုတွေကြောင့် မြန်မာပြည်တွင်းက လူထုရဲ့ရင်ထဲမှာဆန္ဒများရှိနေပေမယ့် ဆန္ဒပြလို့ မရတဲ့ အခြေအနေမှာ... လွတ်လပ်တဲ့ အဝေးရောက်မြန်မာများက သူတို့ ရဲ့အားလပ်ရက်နေ့ မှာ အနားမယူပဲ အခုလို လာရောက်ပူးပေါင်းကြလို့ ဆန္ဒပြပွဲများ တဖြေးဖြေးအရှိန်ရလာကြောင်း စီစဉ်သူများက ပြောဆိုခဲ့ပါတယ်။ မြန်မာ့ နိုင်ငံရေး အခုလို အရေးကြီးနေချိန်မှာ သွေးအေးပြီးမနေစေလိုပဲ မြန်မာပြည်တွင်းက လူထုကို ထောက်ခံ အားပေးတာကတကြောင်း၊ အယ်အေမှာရှိတဲ့ နိုင်ငံအရေးစိတ်ဝင်စားတဲ့ အဖွဲ့ အစည်းများ၊ တသီးပုဂ္ဂိလသမား များ စုဝေးလှုတ်ရှားရာ ကျတာကလည်းတကြောင်းမို့ အခုလိုပွဲများကို အပတ်စဉ်စီစဉ်နေတာဖြစ်ကြောင်း LA Organizers များက ရှင်းပြပါတယ်။ အခန်းအနားကို “သားသုံးသား” သီချင်းသီဆိုကာ အောင်မြင်စွာ ပြီးဆုံး စေ ခဲ့ပါတယ်။

No comments:

Post a Comment